loading...

loading...

loading...

တနင်္ဂနွေနေ့မှာ ကစားကြမှာဖြစ်ပါတယ်။
Pyae Phyo Thein

ရာမို့စ်က လာမယ့်ပွဲစဉ်မှာ မက်ဆီခြေစွမ်းမပြနိုင်ဖို့ မျှော်လင့်နေပြီး ဒီလိုပြုလုပ်သွားဖို့အတွက်ကလည်း သူတို့ရဲ့တာဝန်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 


တနင်္ဂနွေနေ့မှာ ကစားသွားရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်ခင်မှာ ရီးရဲလ်မက်ဒရစ်နောက်ခံလူဆာဂျီယိုရာမို့စ်က ပြိုင်ဘက်တိုက်စစ်မှူးမက်ဆီအပေါ်မှာ လေးစားမှုအပြည့်အဝရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် ရာမို့စ်က လာမယ့်ပွဲစဉ်မှာ မက်ဆီခြေစွမ်းမပြနိုင်ဖို့ မျှော်လင့်နေပြီး ဒီလိုပြုလုပ်သွားဖို့အတွက်ကလည်း သူတို့ရဲ့တာဝန်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ 

မက်ဆီကတော့ ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၃ဂိုးရရှိထားပြီး ၁၆ကြိမ်ဖန်တီးပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။ ရီးရဲလ်နဲ့ကစားရမယ့်ပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ အီဘာနဲ့ပွဲမှာ တစ်ဦးတည်းလေးဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့ပြီး အယ်လ်ကလက်စီကိုပွဲစဉ်ကို တပ်လှန့်ခဲ့ကာ ခြေစွမ်းထပ်ပြနိုင်မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 

"သူ့အပေါ် ကျွန်တော်လေးစားမှုကြီးကြီးမားမားရှိပါတယ်၊ သူက ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံးကစားသမားတွေထဲက တစ်ဦးလို့ ကျွန်တော်ထင်ပါတယ်၊ တနင်္ဂနွေနေ့မှာ သူ ခြေစွမ်းမပြဖို့ ကျွန်တော်မျှော်လင့်ပါတယ်၊ ဒီလိုဖြစ်အောင်ကလည်း ကျွန်တော်တို့လုပ်သွားရမှာပါ၊ အမှတ်ပေးဇယားထိပ်ဆုံးကိုရောက်ဖို့ဆိုရင် ကျွန်တော်တို့ ရလဒ်ကောင်းယူနိုင်ရမှာပါ" လို့ ရာမို့စ်က ပြောဆိုခဲ့ကြောင်း Mirror က ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်အနေနဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့မှာ မန်စီးတီးကိုအရေးနိမ့်ထားခဲ့ပါတယ်။ စပိန်လာလီဂါနောက်ဆုံးပွဲမှာလည်း လီဗန်တေးကို ရှုံးနိမ့်ထားခဲ့လို့ ၂ပွဲဆက်အရေးနိမ့်ထားခဲ့ပေမယ့် ဘာစီလိုနာနဲ့ပွဲမှာတော့ ရီးရဲလ်မက်ဒရစ်က ဒုက္ခပေးနိုင်လိမ့်မယ်လို့လည်း ရာမို့စ်က ယုံကြည်နေပါတယ်။

"ကျွန်တော်တို့ အကြိမ်ပေါင်းများစွာ သူတို့နဲ့ ကစားပြီးပါပြီ၊ ဒါကြောင့် သူတို့ကို ဘယ်လိုအခက်တွေ့အောင်လုပ်နိုင်လဲဆိုတာ ကျွန်တော်တို့သိရပါတယ်၊ ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်းပြီး ကစားတဲ့အသင်းပါ၊ သူတို့ဆီက ဘောလုံးရယူဖို့ ကြိုးစားပြီဆိုရင် သူတို့ကစဉ့်ကလျားဖြစ်တတ်ပါတယ်၊ ဒါကို ကျွန်တော်တို့မှမဟုတ်ပါဘူး၊ လူတိုင်းသိနေတာပါ" လို့ ရာမို့စ်က ထပ်မံပြောဆိုသွားခဲ့ပါတယ်။ 




loading...

က္က