အသင်း‌ပြောင်းမယ်လို့ သတင်းထွက်ပေါ်‌နေတာပါ။

ဘာစီလိုနာက ထွက်မယ်ဆိုတဲ့ သတင်းတွေကြားပြီးနောက် မန်စီးတီးက မက်ဆီကို အဓိက ချိတ်ဆက်နေ ခဲ့တာလို့ သိရပါတယ်။

မက်ဆီသာ နူးကမ့်က ထွက်ခွာသွားရင် ဘာစီလိုနာအသင်းဟာ ရော်နယ်ဒို မရှိတော့တဲ့ ရီးရဲမက်ဒရစ်လိုပဲ ဖြစ်သွားမယ်လို့ မန်စီးတီး နည်းပြ ဂွါဒီယိုလာက သုံးသပ်ပြောဆိုလာတဲ့အကြောင်း Goal.com သတင်းဌာနက ဖော်ပြလာပါတယ်။



မက်ဆီက ဘာစီလိုနာ တစ်သင်းတည်းမှာသာ ကစားနေသူ ဖြစ်ပြီး လတ်တလော ပြဿနာသတင်းတွေကြောင့် အသင်းပြောင်းတော့မယ်လို့သတင်းထွက်ပေါ်လာခဲ့သူပါ။

ဘာစီလိုနာ နည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဂွါဒီယိုလာက သူကိုယ်တိုင်ပဲ မက်ဆီရဲ့ ပြောင်းရွှေ့မှုကို အနီးကပ် စောင့်ကြည့်ပြီး လက်ရှိ အသင်းကို ခေါ်ဆောင်ဖို့ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

“မက်ဆီထွက်သွားပြီ ဆိုရင်တော့အသင်းကို ပြန်လည်အထိုင်ကျဖို့ အချိန်တစ်ခုတော့ သူတို့ ယူကြရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့သူတစ်ဦးတည်းက နှစ်စဥ် ဂိုး ၄၀ ကနေ ၅၀ လောက်သွင်းပေးနေလို့ ဒီဂိုးတွေ အတွက် အစားထိုး သွင်းပေးနိုင်မယ့်သူကိုတော့ အချိန်တစ်ခုယူပြန်ရှာရပါလိမ့်မယ်။”လို့ ပြောလာတာပါ။

သာဓက အနေနဲ့ ရော်နယ်ဒို ရီးရဲမှာ ၉ နှစ်လောက် ကစားအပြီး ဂျူဗင်တပ်ကို ပြောင်းသွားချိန်မှာတော့ နှစ်စဥ် ရော်နယ်ဒို သွင်းယူ ပေးနေတဲ့ ဂိုးတွေကို အစားထိုးသွင်းပေးနိုင်မယ့်သူမရှိတော့လို့ ရီးရဲဟာ မနှစ်ကဆိုရင်လည်း ၃ နှစ်ဆက် ချန်ပီယံ လိဂ် ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့်ကပင် ထွက်ခဲ့ရတာပါ။

ပတ်ကတော့ ဘာစီလိုနာမှာ နည်းပြဘဝရော ကစားသမားဘဝနဲ့ပါ နှစ်ပေါင်း ၂၀လောက်ကျင်လည်ခဲ့သူ ဖြစ်ပါ တယ်။

Share

Loading Next Article...
က္က