မေလ (၁)ရက်နေ့မှာ ကစားရတော့မှာပါ။

ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းခံစစ်ကို ဦးဆောင်ကစားနေသူဖြစ်ပြီး ဘာစီလိုနာတိုက်စစ်မှူး မက်ဆီကို ထိန်းချုပ်သွားရဖို့အတွက် တာဝန်ယူရမှာလည်း ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းရဲ့ နောက်ခံကစားသမား ဗန်ဒိုက် နူးကမ့်မှာ ဘာစီလိုနာကို ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်ကစားဖို့ရာ ရင်ဆိုင်ဖို့အတွက် အသင့်ဖြစ်နေပြီလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ PFA တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဗန်ဒိုက်ဟာ လီဗာပူးလ်အသင်းခံစစ်ကို ဦးဆောင်ကစားနေသူဖြစ်ပြီး ဘာစီလိုနာ တိုက်စစ်မှူ မက်ဆီကို ထိန်းချုပ်သွားဖို့အတွက်လည်း တာဝန်ယူရမှာပါ။



Sportmole ရဲ့ ဖော်ပြချက်အရ ဗန်ဒိုက်က ဘာစီလိုကစားသမားတွေကို တစ်ဦးချင်းစီ ထိန်းချုပ်သွားမှာမဟုတ်ပဲ လီဗာပူးလ်အသင်းဟာ တစ်သင်းလုံးခံစစ်၊ တစ်သင်းလုံးတိုက်စစ်ပုံစံနဲ့ ကစားသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ ခံစစ်ပိုင်းကောင်းမွန်မှုနဲ့အတူ

ထိပ်သီးအသင်းတစ်သင်းပုံစံကို တည်ဆောက်ထားနိုင်ခဲ့တဲ့ လီဗာပူးလ်ကို မက်ဆီက ဘယ်လိုကျော်ဖြတ်နိုင်မလဲဆိုတာ ဗန်ဒိုက်ရဲ့ ပြောစကားအပြီး စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ ဒီဓပွဲကိုတော့ မေလ (၁)ရက်နေ့မှာ ကစားသွားမှာလည်း ဖြစ်ပါတယ်။

"နူးကမ့်ကွင်းက ကောင်းမွန်တဲ့ ကွင်းတစ်ကွင်းပါ၊ သမိုင်းကြောင်းကြီးမားတဲ့ ကစားကွင်းလည်းဖြစ်ပြီး အဲဒီမှာ ကျွန်တော်နောက်ဆုံးကစားခဲ့တုန်းက အတွေ့အကြုံကောင်းတွေ ရရှိခဲ့ပါတယ်၊ အဲဒါက ကျွန်တော့်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် နူးကမ့်မှာ ကစားခဲ့ဖူးတာပါ၊ အခုကျွန်တော် နောက်တစ်ကြိမ်ကစားရတော့မှာဖြစ်လို့ အကောင်းဆုံးကစားသွားဖို့ ဆုံးဖြတ်ထားပါတယ်"

"ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းနဲ့ ကစားရမှာလည်း ဖြစ်ပါတယ်၊ ဒါပေမယ့် ကျွန်တော်နောက်ဆုံးကစားခဲ့တုန်းကနဲ့ မတူညီတဲ့ ကစားပုံကို ပြသနိုင်မယ်လို့ ထင်ပါတယ်၊ ကျွန်တော် ဗီဒီယိုတစ်ချို့ကို ကြည့်ပြီးပါပြီ၊ နောက်တန်းလူတစ်ယောက်အနေနဲ့ ၆-၁ နဲ့ အရေးနိမ့်ခဲ့မယ်ဆိုရင် ပွဲကောင်းတစ်ပွဲကို ကစားနိုင်တယ်လို့ ပြောလို့မရပါဘူး" လို့ ဗန်ဒိုက်က ပြောခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ဆဲလ်တစ်ကစားသမားဘဝမှာ ဘာစီလိုနာနဲ့ ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။

မက်ဆီနဲ့ပတ်သက်ပြီးတော့လည်း ဗန်ဒိုက်က "သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဆိုတာ အရင်ကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုကစားမလဲဆိုတာကို ကြည့်ကြပါ၊ကျွန်တော်တို့က တစ်ဦးချင်းစီထိန်းချုပ်ကစားသွားမှာမဟုတ်ပါဘူး၊

စ်သင်းလုံးဆင်း၊ တစ်သင်းလုံးတက်ပုံစံနဲ့ ကစာသွားမှာဖြစ်ပြီး ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ" လို့ ဗန်ဒိုက်က ပြောသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က