များပြားတဲ့ အလှူငွေပမာဏလည်းဖြစ်ပါတယ်။
Pyae Phyo Thein

မက်ဆီကတော့ ဘာစီလိုနာမှာရှိတဲ့ ဆေးရုံတစ်ခုနဲ့ အာဂျင်တီးနားက ဆေးရုံတစ်ခုတို့ကိုလှူဒါန်းခဲ့ပြီး ဂွာဒိယိုလာကတော့ ဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ 


မန်စီးတီးနည်းပြဂွာဒီယိုလာနဲ့ ဘာစီလိုနာတိုက်စစ်မှူးမက်ဆီတို့ဟာ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကိုယ်စီလှူဒါန်းမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မက်ဆီကတော့ ဘာစီလိုနာမှာရှိတဲ့ ဆေးရုံတစ်ခုနဲ့ အာဂျင်တီးနားက ဆေးရုံတစ်ခုတို့ကိုလှူဒါန်းခဲ့ပြီး ဂွာဒိယိုလာကတော့ ဖောင်ဒေးရှင်းတစ်ခုကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။ 

ဘာစီလိုနာမြို့မှာ ရှိတဲ့ Hospital Clinic ကို မက်ဆီက လှူဒါန်းခဲ့တာဖြစ်တယ်လို့ စပိန်သတင်းစာ Marca က ဖော်ပြခဲ့ပါတယ်။ "ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မက်ဆီက လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်၊ ကျေးဇူးအများကြီးတင်ပါတယ် လီယို" လို့ Hospital Clinic က သူတို့ရဲ့ တရားဝင်တွစ်တာကနေ ရေးသားပြောဆိုခဲ့ပါတယ်။ 

ဘာစီလိုနာကစားသမားဟောင်း နဲ့ နည်းပြဟောင်းဖြစ်ပြီး လက်ရှိမန်စီးတီးနည်းပြအဖြစ်တာဝန်ယူနေတဲ့ ဂွာဒီယိုလာကတော့ Angel Soler Daniel ဖောင်ဒေးရှင်းနဲ့ Medical College of Barcelona တို့ကို ယူရို ၁ သန်းလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ ဖောင်ဒေးရှင်းဟာ ဒေသတွင်းမှာ ဗိုင်းရပ်စ်တားဆီးဖို့အတွက် ဆောင်ရွက်နေတာဖြစ်ပြီး ဂွာဒီယိုလာမလှူခင်မှာ ယူရို ၃၃၀၀၀ ရရှိထားတယ်လို့ သိရပါတယ်။

"လိုအပ်တဲ့ဆေးဝါးတွေနဲ့ အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဂွာဒီယိုလာက ယူရို ၁ သန်း လှူဒါန်းခဲ့ပါတယ်၊ တာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်တွေ နဲ့ ပြည်သူတွေအတွက် လိုအပ်တဲ့ အထောက်အကူပြုပစ္စည်းတွေ ဝယ်ယူဖို့လည်း ပါပါတယ်" လို့ အဆိုပါဖောင်ဒေးရှင်းကလည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ 

မနေ့ကလည်း ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုက သူ့ရဲ့အေးဂျင့်ဂျော့မန်ဒက်စ်နဲ့အတူ ပေါ်တိုမှာရှိတဲ့ ဆေးရုံအတွက် အသက်ရှူစက်နဲ့ အခြားသော ပစ္စညး်တွေကို ယူရို ၁သန်းဖိုးအထိ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကလပ်အသင်းတွေကလည်း လှူဒါန်းမှုတွေ ပြုလုပ်နေပြီး ကစားသမားတွေကလည်း တစ်ဦးချင်းစီလှူဒါန်းနေကြတာဖြစ်ပါတယ်။


Author


က္က