ဥရောပတစ်နှစ်တာအကောင်းဆုံးဆုပေးပွဲအခမ်းအနားမှာပြောခဲ့တာပါ။
Kyaw Ko Ko Sint

ဥရောပ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုပေးပွဲနဲ့ ချန်ပီယံလိဂ် အုပ်စုမဲခွဲပွဲမှာရော်နယ်ဒိုက မက်ဆီနဲ့ ညစာ အတူစားခွင့်ကြုံဖို့ မျှော်လင့်နေတဲ့အကြောင်း ထုတ်ပြောခဲ့တာပါ။

မနေ့ညက ပြင်သစ်နိုင်ငံ မိုနာကိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဥရောပ တစ်နှစ်တာ အကောင်းဆုံးဆုပေးပွဲအခမ်းအနား နဲ့ ချန်ပီယံလိဂ် အုပ်စု မဲခွဲပွဲအခမ်းအနားကို ရော်နယ်ဒိုနဲ့မက်ဆီနဲ့ဗန်ဒိုက်တို့ ၃ ဦးစလုံးစုံစုံညီညီ တက်ရောက်ခဲ့ ကြပါတယ်။



UEFA ချန်ပီယံလိဂ်ရဲ့ တရားဝင် လူမှုစာမျက်နှာထက်မှာဖော်ပြထားတဲ့ ဗီဒီယိုမှတ်တမ်းအရ အခမ်းအနားမှူးက မက်ဆီနဲ့ ရော်နယ်ဒိုတို့ နှစ်ဦးကို မေးခွန်းအချို့ မေးခဲ့တာတွေ့မြင်ရပါတယ်။

“ ကျွန်တော်တို့ ဒီလို စင်မြင့်ထက်မှာ ၁၅ နှစ်လောက် အတူူတူ အတွေ့အကြုံတွေကို မျှဝေခွင့်ရနေပါတယ်။ ဘောလုံးမှာ ဘာတွေ ဖြစ်လာမလဲဆိုတာ ကျွန်တော်မသိနိုင်ပါဘူး၊ ဒါပေမယ့် ဒီတူညီတဲ့ လူသားနှစ်ဦးကတော့အမြဲတမ်း စင်မြင့်ထက်မှာရှိနေပါတယ်။ဒီလိုဖြစ်နေဖို့ မလွယ်ဘူးနော်။နောက်ပြီးကျွန်တော် တို့ နှစ်ဦးကြားမှာကောင်းမွန်တဲ့ ဆက်ဆံရေးရှိပါတယ်။ တစ်ခုပဲ ပြောစရာက ဒီနေ့ထိ ညစာအတူတူ မစားဖူး သေးတာပါပဲ၊ဒါပေမယ့် တနေ့မှာ အတူတူ စားခွင့်ရမယ်လို့ မျှော်လင့်ပါတယ်။” လို့ ရော်နယ်ဒိုက အခမ်း အနားမှူးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဖြေကြားမှုကိုတော့ အခမ်းအနားတက်ရောက်လာသူတွေ အားလုံးနှစ်ထောင်းအားရဖြစ်ခဲ့ကြပြီး လက်ခုပ်သြဘာသံတွေလည်း ဆူညံသွားပါတော့တယ်။

ရော်နယ်ဒိုကတော့ မက်ဆီနဲ့အတူ လာလီဂါမှာ ၉ နှစ်ကြာ အနီးကပ် ပြိုင်ဆိုင်ခဲ့ပြီးနောက် မနှစ်က အပြောင်းအရွှေ့ရာသီမှာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။



ဒီနှစ် ဥရောပတစ်နှစ်တာ အကောင်းဆုံးဆုတွေမှာတော့ ရော်နယ်ဒိုပါဝင်ခဲ့ခြင်း မရှိပဲ မက်ဆီကချန်ပီယံလိဂ် အကောင်းဆုံး တိုက်စစ်မှူးဆု၊ဗန်ဒိုက်က ချန်ပီယံလိဂ် အကောင်းဆုံး နောက်တန်းဆုသာမက ဥရောပတစ်နှစ် တာအကောင်းဆုံး ကစားသမားဆုတို့ကို သိမ်းပိုက်ခဲ့ပါတယ်။

ချန်ပီယံလိဂ် အလယ်တန်းအကောင်းဆုံးဆုကိုတော့ အေဂျက်က ဒီဂျောင်နဲ့ အကောင်းဆုံး ဂိုးသမားဆုကိုတော့ လီဗာပူးက အယ်လီဆန်တို့ ဆွတ်ခူးခဲ့ပါတယ်။


Author


က္က