မက်ဆီရဲ့ နောက်ဆုံးနှုတ်ဆက်ပွဲကို ကျွန်တော်တို့ မြင်ရတော့မှာပါ။
Kyaw Ko Ko Sint

ရီဗယ်ဒိုက ဘာစီလိုနာ ကစားသမားဟောင်းတစ်ဦး ဖြစ်တာနဲ့အညီ မက်ဆီနေရာ အစားထိုးနိုင်မယ့်သူကို အခုလိုပဲ သုံးသပ်လိုက်တာပါ။

အယ်ကလက်စီကိုပွဲအပြီးမှာ ပြုလုပ်ခဲ့တဲ့ Bet Fair ရဲ့ ပွဲကြို သုံးသပ်ဆွေးနွေးခန်းမှာ ဘရာဇီး ဂန္တဝင် ရီဗယ်ဒိုက အနာဂတ်မှာ မက်ဆီနေရာ အစားထိုးနိုင်သူ တစ်ဦးတည်းရှိပြီး အဆိုပါ ကစားသမားကတော့ နေမာပဲ ဖြစ်တယ်လို့ အံ့အားသင့်ဖွယ် ပြောလာခဲ့ပါတယ်။





“ ဒီလိုမျိုး အချိန်အကြာကြီး အမြင့်ဆုံးကနေ ပျံသန်း ကစားနေနိင်ဖို့ဆိုတာ လုံးဝ မလွယ်ပါဘူး၊အခုလည်း ကြည့်လေ ဘယ်လိုပွဲမျိုးနဲ့မှ မတူတဲ့ အယ်ကလက်စီကို ဒါဘီလိုပွဲမျိုးမှာတော့ သက်တောင့်သက်သာ ကစားနေနိုင်တာက သူ့ရဲ့ စွမ်းရည်ပါ။ဒီနေ့ပွဲမှာ ရီးရဲအသင်းရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်ကို ချီးကျူးပါတယ်၊ ဘာလို့လဲဆိုတော့ မက်ဆီ ဂိုးမသွင်းနိုင်လို့ပါပဲ။”လို့ ရီဗယ်ဒိုက အရင်ဆုံး မက်ဆီကို ချီးကျူးခဲ့တာပါ။

မက်ဆီအနေနဲ့ အခုလို အမြဲတမ်း အကောင်းဆုံး ကစားနေနိုင်တာကိုတော့ အမြဲတမ်း မြင်နိုင်မှာ မဟုတ်ပဲ တစ်ချိန် မှာတော့သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံးပွဲကို မြင်တွေ့ရလာမှာပါ။

မက်ဆီမရှိတော့တဲ့အချိန်မှာသူ့လိုပဲ ဘောလုံးလောကမှာ ဆက်လက် မြင်တွေ့နိုင်မယ့် ကစားသမားကိုတော့ နေမာ ပဲ ဖြစ်တယ်လို့ အခုလိုပဲ ပြောပြလာတာပါ။

“ မက်ဆီနေရာမှာ အစားထိုးဝင်နိုင်မယ့်သူက နေမာပဲ ရှိပါတယ်။နေမာ ဘာစီလိုနာက ထွက်တာ အရမ်းမှားပါ တယ်။ ဒါပေမယ့် သူသာ ပြန်လာရင် မက်ဆီနဲ့ မတူတဲ့ စွမ်းဆောင်ရည်တွေနဲ့ တမူထူးခြားလာနိုင်ပါတယ်။” လို့ ရီဗယ်ဒိုက ဆက်လက်ပြောလာတာပါ။

နေမာကတော့ ဘာစီလိုနာမှာ ကစားတုန်းက အသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သလို လက်ရှိမှာတော့ ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းမှာ ပြောင်းရွှေ့ ကစားနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က