ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးစလုံးမပါဝင်တဲ့အသင်းကို ရှားရှားပါးပါးတွေ့ခဲ့ရတာပါ။
Pyae Phyo Thein

သူတို့နှစ်ဦးမပါဝင်တဲ့ အကောင်းဆုံးအသင်းတစ်သင်းကို မြင်တွေ့ခဲ့ရတာကြောင့်လည်း နာမည်ကျော်ကစားသမားနှစ်ဦးရဲ့ နေဝင်ချိန်တွေက နီးသထက်နီးလာခဲ့ပြီဆိုတာကို ပရိသတ်တွေခံစားခဲ့ရပါတယ်။


နာမည်ကျော်အားကစားဝက်ဘ်ဆိုက် Goal က ရွေးချယ်ခဲ့တဲ့ ချန်ပီယံလိဂ်အကောင်းဆုံးအသင်းမှာ မက်ဆီ၊ရော်နယ်ဒိုတို့မပါဝင်ခဲ့ဘဲ ဘိုင်ယန်မြူးနစ်ကစားသမားတွေ လွှမ်းမိုးခဲ့ပါတယ်။ ချန်ပီယံအသင်းဖြစ်ခဲ့တာကြောင့် ဘိုင်ယန်ကစားသမားအများစု ပါဝင်လာခဲ့တာက အံ့အားသင့်စရာမရှိသလို ရော်နယ်ဒိုနဲ့ မက်ဆီတို့ မပါဝင်ခဲ့မှုကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့အခြေအနေမှာရှိခဲ့ပါတယ်။ 

ဒါပေမယ့်လည်း သူတို့နှစ်ဦးမပါဝင်တဲ့ အကောင်းဆုံးအသင်းတစ်သင်းကို မြင်တွေ့ခဲ့ရတာကြောင့်လည်း နာမည်ကျော်ကစားသမားနှစ်ဦးရဲ့ နေဝင်ချိန်တွေက နီးသထက်နီးလာခဲ့ပြီဆိုတာကို ပရိသတ်တွေခံစားခဲ့ရပါတယ်။ ဒီရာသီမှာ ကြီးမားတဲ့အောင်မြင်မှုမျိုးကို သူတို့နှစ်ဦးစလုံး ရယူနိုင်ခဲ့ခြင်းမရှိဘဲ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ အဆိုးရွားဆုံးအနေအထားနဲ့ ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။ 

Goal ကရွေးချယ်ခဲ့တဲ့ အကောင်းဆုံးအသင်းမှာတော့ ဂိုးသမားအဖြစ် နူအာ၊ နောက်တန်းမှာ ကင်မစ်ချ်၊ အူပါမီကာနို၊ ဒေးဗစ်အလာဘာ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ အလယ်တန်းမှာတော့ သီယာဂို၊ မူလာ၊ ညာတောင်ပံအတွက် နာဘရီ၊ ဘယ်တောင်ပံအတွက် နေမာတို့ ရွေးချယ်ခံခဲ့ရပြီး တိုက်စစ်ပို်င်းမှာတော့ ဟာလန်း နဲ့ လီဝန်ဒေါစကီးတို့ ပါဝင်ခဲ့ကြပါတယ်။ 

ဘိုင်ယန်မြူးနစ်ကစားသမား ၈ ဦးအထိ ပါဝင်ခဲ့ပြီး အခြားအသင်းက ကစားသမား ၃ဦးသာ ပါဝင်ခဲ့ကာ ပရီးမီးယားလိဂ် ၊ လာလီဂါ နဲ့ စီးရီးအေက ကစားသမားတွေလုံးဝမပါဝင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဒါဟာ ဘောလုံးလောကကို ဂျာမန်တွေ နောက်ထပ်တစ်ကြိမ်လွှမ်းမိုးတော့မယ့် အရိပ်အယောင်လို့ ယူဆစရာဖြစ်လာခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်၊ လာလီဂါ နဲ့ စီးရီးအေကလပ်တွေကတော့ ချန်ပီယံလိဂ် ၁၆သင်းအဆင့်၊ ကွာတားဖိုင်နယ်အဆင့်တွေမှာသာ ကျန်နေရစ်ခဲ့ပြီးတော့ ဆီမီးဖိုင်နယ်ကို ဂျာမနီနှစ်သင်းနဲ့ ပြင်သစ်နှစ်သင်းတက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။ 


Author


က္က