၂၀၁၃-၁၄ ကနေ ၂၀၁၇-၁၈ ဘောလုံးရာသီအတွင်း စွမ်းဆောင်ရည်ကို တွက်ချက်ခဲ့တာပါ။
Kyaw Ko Ko Sint

ဘယ်လ်ဂျီယံ KU Leuven တက္ကသိုလ်နဲ့ ဒတ်ချ် အားကစားမှတ်တမ်း ကုမ္ပဏီက သိပ္ပံပညာရှင်တွေ ပူးပေါင်းပြီး စစ်တမ်းကောက်ယူဖော်ပြခဲ့ရာမှာတော့ မက်ဆီက ရော်နယ်ဒိုထက် ပိုမိုသာလွန်နေတာပါ။

ကမ္ဘာပေါ်က ဘောလုံးဝါသနာရှင်တွေအကြားယနေ့တိုင် အငြင်းပွားနေဆဲ ပြဿနာတစ်ခုဖြစ်တဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့နှစ်ဦးကြား ဘယ်သူက ပိုကောင်းတယ်ဆိုတဲ့ ကိစ္စကို ဘယ်လ်ဂျီယံ



KU Leuven တက္ကသိုလ်နဲ့ ဒတ်ချ် အားကစားမှတ်တမ်း ကုမ္ပဏီတို့ ပူးပေါင်းပြီး အဖြေထုတ်ပေးလိုက်ပြီလိုု့ sporza သတင်းဌာနက ဖော်ပြလာပါ တယ်။

ယခုစစ်တမ်းမှာတော့ ကစားသမားနှစ်ဦးကြားက သွင်းဂိုးနဲ့ဂိုးဖန်တီးမှုတွေသာမက တစ်ဦးချင်း လှုပ်ရှားမှု ပုံသဏ္ဍာန်တွေကိုပါ ထည့်သွင်းတွက်ချက်ထားတယ်လို့သိရပါတယ်။

ကစားသမားတစ်ဦးကို ဆုံးဖြတ်တဲ့အခါ သူ့ရဲ့သွင်းဂိုးနဲ့ဂိုးဖန်တီးမှုတွေကိုပဲ အများစု ထည့်သွင်းစဉ်းစားကြပါ တယ်။ ကျွန်တော်တို့ကတော့ကစားသမားရဲ့ လှုပ်ရှားမှု၊ကန်သွင်းချက်၊လိမ်ခေါက်မှု၊ဖြတ်ထုတ်မှု စတဲ့အချက် တွေကိုပါ ထည့်သွင်းတွက်ချက်ထားပါတယ်။” လို့ ပရော်ဖက်ဆာ ဂျက်ဆီဒေးဗစ်က ပြောပါတယ်။

စ်တမ်း ကောက်ယူတဲ့ ကာလကတော့ ၂၀၁၃-၁၄ ဘောလုံးရာသီကနေ ၂၀၁၇-၁၈ ဘောလုံးရာသီအထိ လာလီဂါပြိုင်ပွဲအတွင်း နှစ်ဦးသားစွမ်းဆောင်ရည်တွေကို တွက်ချက်တာလို့ သိရပြီး ဒီထဲမှာ ဥရောပပြိုင်ပွဲတွေ နဲ့ နိုင်ငံတကာပြိုင်ပွဲတွေတော့ မပါဝင်ဘူးလို့ သိရပါတယ်။

စ်တမ်းတွေအရ မက်ဆီက ရော်နယ်ဒိုထက် ပိုမို မြင့်မားတဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး တစ်ပွဲပျမ်းမျှ ၁.၂၁ ဂိုးသွင်းနိုင်ပြီး ရော်နယ်ဒိုကတော့ ဝ.၆၁ ဂိုးသာ သွင်းယူနိုင်တာလို့ ဖော်ပြလာတာပါ။

မက်ဆီကတော့ လက်ရှိမှာ ဘာစီလိုနာအသင်းမှာသာ ကစားနေပြီး ရော်နယ်ဒိုကတော့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။


Author


က္က