ဘိုင်ယန်ကစားသမားတွေ လွှမ်းမိုးခဲ့ကြပါတယ်။
Pyae Phyo Thein

မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကတော့ သက်ဆိုင်ရာအသင်းတွေအတွက် သွင်းဂိုးတွေသွင်းယူပြီး ကစားနိုင်ခဲ့ကြပေမယ့် ရှုံးထွက်အဆင့်တွေကနေ အသီးသီးထွက်ခွာခဲ့ကြရပြီး သူတို့နှစ်ယောက်အတွက်တော့ ကံတူအကျိုးပေးဖြစ်နေခဲ့ပါတယ်။ 


ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက်အကောင်းဆုံးကစားသမားတွေကို သတ်မှတ်ဖို့ ဆန်ခါတင်စာရင်းထွက်ပေါ်လာခဲ့ရာမှာ မက်ဆီ နဲ့ ရော်နယ်ဒိုတို့အတွက် နေရာမရှိခဲ့ဘဲ ဘိုင်ယန်ကစားသမား ၇ ဦးအထိ ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဒါဟာ ကမ္ဘာကျော်ကစားသမားနှစ်ဦးအတွက်တော့ အသင်းကိုယ်စီကျရှုံးမှုရဲ့ နောက်ဆက်တွဲဖြစ်ရပ်တွေကို ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ 

ချန်ပီယံအဖြစ်အောင်ပွဲခံနိုင်ခဲ့တာကြောင့်ရော၊ ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းကောင်းမွန်မှုကြောင့်ပါ ဒီစာရင်းကို ဘိုင်ယန်မြူးနစ်က လွှမ်းမိုးခဲ့တာဖြစ်ပါတယ်။ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ကတော့ သက်ဆိုင်ရာအသင်းတွေအတွက် သွင်းဂိုးတွေသွင်းယူပြီး ကစားနိုင်ခဲ့ကြပေမယ့် ရှုံးထွက်အဆင့်တွေကနေ အသီးသီးထွက်ခွာခဲ့ကြရပြီး သူတို့နှစ်ယောက်အတွက်တော့ ကံတူအကျိုးပေးဖြစ်နေခဲ့ပါတယ်။ 

အကောင်းဆုံးတိုက်စစ်မှူးအဖြစ် လီဝန်ဒေါစကီးက ရေပန်းအစားဆုံးဖြစ်နေပြီး သောမတ်စ်မူလာ၊ သီယာဂိုအယ်လ်ကန်တာယာ နဲ့ ဒီဘရိုင်းတို့ကလည်း သူတို့ရဲ့ နေရာတွေအတွက် ဆန်ခါတင်အဆင့်မှာ ပါဝင်ခဲ့ကြပါတယ်။ ဒေးဗစ်အလာဘာ၊ အယ်လ်ဖွန်ဆိုဒေးဗီးစ်၊ ဂျိုရှူအာကင်မစ်ချ်တို့ကလည်း နောက်တန်းကစားသမားဆုအတွက် ပါဝင်ခဲ့ကြသလို ဂိုးသမားနူအာကလည်း အက်သလက်တီကိုဂိုးသမားယန်အော့ဘလက်ခ်နဲ့အတူ ပါဝင်လာခဲ့ပါတယ်။ 

ဒုတိယရရှိခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ကစားသမားတွေဖြစ်တဲ့ နေမာ၊ ဘတ်ပီတို့ကတော့ လီဝန်ဒေါစကီးကို ခြိမ်းခြောက်မယ့်သူတွေအဖြစ် ရှိခဲ့ပြီး ဂိုးသမားကေလာနာဗက်စ်ကလည်း နူအာ၊ ယန်အော့ဘလက်ခ်တို့နဲ့အတူ ဆန်ခါတင်စာရင်းမှာ ရှိနေခဲ့ပါတယ်။

ဒီဆန်ခါတင်စာရင်းနဲ့အတူ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆု ဆန်ခါတင်စာရင်းလည်း ထွက်ပေါ်လာခဲ့ပြီး အင်တာမီလန်တိုက်စစ်မှူးလူကာကူ၊ ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ် နဲ့ လက်ရှိမှာ အယ်လ်ရှာဘတ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဘာနီဂါက ဆီဗီလာအတွက် ခြေစွမ်းပြခဲ့လို့ ရွေးချယ်ခံခဲ့ရတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။ 


Author


က္က