လူငယ်ကစားသမားတွေကို အချိန်ပေးပြီး တိုးတက်အောင် ပြုလုပ်ပေးစေလိုနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဝိန်းရူနီက ကမ္ဘာ့ထိပ်တန်းကစားသမားတွေဖြစ်တဲ့ လီယွန်နယ်မက်ဆီ၊ ခရစ်စတီယာနိုရော်နယ်ဒို၊ ဂါရတ်ဘေးလ်နဲ့ ဆာဂျီယိုရာမို့စ်တို့ကို ခေါ်ယူနိုင်မယ်ဆိုရင်တောင် မန်ချက်စတာယူနိုက်တက်မှာရှိနေတဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ BBC ရဲ့ဖော်ပြချက်အရ သိရပါတယ်။

မေဂျာလိဂ်အသင်းဖြစ်တဲ့ ဒီစီယူနိုက်တက်အသင်းမှာ ကစားနေတဲ့ ဝိန်းရူနီဟာ အသင်းဖော်ဟောင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နည်းပြ အိုလီဂန်းနားဆိုးလ်ရှားအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားအတွက် ယှဉ်ပြိုင်နိုင်မှာမဟုတ်ဘူးလို့ ထင်မြင်နေတာဖြစ်ပါတယ်။



ဝိန်းရူနီက ဆိုးလ်ရှားအနေနဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတွေကို ငွေကြေးများစွာသုံးစွဲပြီး ခေါ်ယူဖို့ထက် ထိပ်တန်းကစားသမားတွေဖြစ်လာနိုင်တဲ့ အနာဂတ်ကြယ်ပွင့်တွေကို ဦးစားပေးသင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ပထမဆုံး အိုလီ လုပ်ရမယ့်အရာက အသင်းကို တည်ဆောက်ဖို့ဖြစ်ပြီး ပေါင်သန်း ၁၀၀ တန် ကစားသမား ၁ ဦး ဒါမှမဟုတ် ၂ ဦးခေါ်ယူတာက အသင်းမှာရှိနေပြီးသားကစားသမားတွေကို အကူအညီဖြစ်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး”လို့ BBC Radio 5 Live’s Sportsweek အစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။

“ခင်ဗျား ရော်နယ်ဒို၊ မက်ဆီ၊ ရာမို့စ် ဒါမှမဟုတ် ဘေးလ်တို့လို ကစားသမားမျိုးတွေကို ခေါ်ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒါက ခင်ဗျားကို ပေါင်သန်း ၃၅၀ လောက်ကုန်ကျစေမှာပါ။ ခင်ဗျား သူတို့ဆီကနေ ၂ နှစ်လောက်တော့ ရမှာဖြစ်ပြီး ပြီးရင်တော့ လျှော့ဈေးနဲ့ပြန်ရောင်းလို့ရမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီနဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုတို့ ၂ ဦးပေါင်း ဘလွန်းဒီအော်ဆု ၁၀ ကြိမ်အထိ ရရှိထားပြီး ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ရာမို့စ်ဟာ ကမ္ဘာ့ဖလား၊ ဥရောပချန်ပီယံရှစ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ကိုင်မြှောက်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

ရာမို့စ်ရဲ့အသင်းဖော် ဂါရတ်ဘေးလ်ကလည်း ဥရောပဖလားကို ၄ ကြိမ်အထိ ကိုင်မြှောက်ထားသူဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။ ဝိန်းရူနီက ဆိုးလ်ရှားအတွက် လှည့်ကွက်များတဲ့နွေရာသီလုပ်ငန်းဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပြီး ဆိုးလ်ရှားဟာ ဆွမ်ဆီးကြယ်ပွင့် ဒန်နီရယ်ဂျိစ်းကို ပေါင် ၁၈ သန်းနဲ့ ယခုနွေရာသီ ပထမဆုံးခေါ်ယူမှုအဖြစ် ခေါ်ယူထားနိုင်ခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က