နေမာက မက်ဆီ၊ရော်နယ်ဒိုတို့နောက် အကောင်းဆုံးလို့ သတ်မှတ်ခံထားရသူပါ။
Pyae Phyo Thein

ဇီကိုက နေမာရဲ့ ကစားပုံက ထူးချွန်ပြောင်မြောက်လွန်းတယ်လို့ မှတ်ချက်ပြုခဲ့ပေမယ့် မက်ဆီ၊ ရော်နယ်ဒိုတို့ကို လိုက်မီဖို့ လိုအပ်သေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။


ဘရာဇီးလ်နာမည်ကျော်ကစားသမားဟောင်းနဲ့ နည်းပြဟောင်းဖြစ်သူ ဇီကိုက ဘရာဇီးလ်ကြယ်ပွင့်နေမာကို မက်ဆီ၊ ရော်နယ်ဒိုတို့လို အဆင့်အတန်းမျိုးရောက်ရှိဖို့ ဘာတွေလိုအပ်နေလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။ ဇီကိုက နေမာရဲ့ ကစားပုံက ထူးချွန်ပြောင်မြောက်လွန်းတယ်လို့ မှတ်ချက်ပြုခဲ့ပေမယ့် မက်ဆီ၊ ရော်နယ်ဒိုတို့ကို လိုက်မီဖို့ လိုအပ်သေးတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူးဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၂၂ပွဲသာ ကစားပေးထားခဲ့ရပေမယ့် သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ ဂိုးဖန်တီးမှု ၁၀ ကြိမ်အထိလည်း နေမာက ပြုလုပ်ထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁၆သင်းအဆင့် ရှုံးထွက်အဖြစ် ဒေါ့မွန်နဲ့ ကစားခဲ့တဲ့ နှစ်ကျော့စလုံးမှာလည်း ဂိုးသွင်းနိုင်ခဲ့ကာ အသင်းကို ကွာတားဖိုင်နယ်ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ 

လက်ရှိမှာ နေမာကို အသင်းဟောင်းဘာစီလိုနာက ပြန်လည်ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ကစားသမားကလည်း လေးနှစ်ကြာကစားခဲ့တဲ့ နူးကမ့်ကို ပြန်လည်ခြေချသွားဖို့အတွက် ဆန္ဒရှိနေပါတယ်။ ဇီကိုကတော့ အသက် ၂၈ နှစ်အရွယ်ကစားသမားကို ကမ္ဘာကျော်ကစားသမားနှစ်ဦးနဲ့ အဆင့်အတန်းချင်း တူညီစေဖို့ အခုလိုပဲ အကြံပြုခဲ့ပါတယ်။

"သူ့ကို ကျွန်တော်တကယ်နှစ်သက်ပါတယ်၊ သူ့ကစားဟန်က ထူးချွန်ပြောင်မြောက်လွန်းပါတယ်၊ ဒါပေမယ့်လည်း ရော်နယ်ဒို၊ မက်ဆီတို့လိုမျိုး ပရော်ဖက်ရှင်နယ်ဆန်ဖို့အတွက် လိုအပ်ပါတယ်၊ သူတို့က ဘောလုံးအတွက် ရှင်သန်နေကြတဲ့သူတွေပါ၊ နေမာအနေနဲ့ အများကြီးတွေးခေါ်ဖို့ လိုပါတယ်"

"မကြာခင်ကမှ သူနဲ့ ကျွန်တော်စကားပြောဆိုခဲ့သေးပြီး ပရော်ဖက်ရှင်နယ်ပိုဆန်ဖို့အတွက် သူ့ကိုတောင်းဆိုခဲ့ပါတယ်၊ သူ့အသက်က ၂၈ နှစ်ရှိနေပါပြီ၊ ပီအက်စ်ဂျီလို အသင်းကောင်းတစ်သင်းလည်း ရှိနေပါတယ်၊ သူတို့အနေနဲ့ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ပြီး အဲဒါက နေမာအပေါ်မှာ မူတည်နေပါတယ်၊ အခုတော့ သူက အတွေ့အကြုံပိုရှိလာသလို ပိုပြီးလည်းရင့်ကျက်လာပါပြီ" လို့ ဇီကိုက ပြောဆိုခဲ့ကြောင်း Express သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ 


က္က