အကောင်းဆုံးကစားသမားက အကောင်းဆုံးလိဂ်မှာ ကစားရမယ်လို့ ပြောခဲ့တာပါ။

ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရီဗယ်ဒိုဟာ ဘတ်ပီအနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ၂ ဦးဖြစ်တဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့လိုဖြစ်ချင်တယ်ဆိုရင် လာလီဂါ သို့မဟုတ် ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် ပီအက်စ်ဂျီကို စွန့်ခွာရမယ်လို့ ပြောကြားခဲ့ကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

ဘတ်ပီဟာ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်ကြောင်း သက်သေပြသနေသူဖြစ်ပြီး မိုနာကို၊ ပီအက်စ်ဂျီအသင်းတို့နဲ့ ဆုဖလားတွေရရှိခဲ့သလို ပြင်သစ်လက်ရွေးစင်အသင်းကိုလည်း ၂၀၁၈ ကမ္ဘာ့ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အသက် ၂၀ အရွယ်ရှိပြီဖြစ်တဲ့ ဘတ်ပီဟာ ဘလွန်းဒီအော်ဆုအတွက် ဆန်ခါတင်စာရင်းထဲမှာ ရွေးချယ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပီအက်စ်ဂျီအသင်းအတွက် အကောင်းဆုံးပုံစံပြသပြီးနောက် ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာတိုက်စစ်မှူးဟောင်း ရီဗယ်ဒိုက ၎င်းရဲ့အသင်းဟောင်းက ဘတ်ပီကို ခေါ်ယူနိုင်မယ့်အခွင့်အရေးနဲ့ပတ်သက်ပြီး သံသယရှိနေပြီး ဘတ်ပီကို ကြီးမားတဲ့အလားအလာတွေ အမှန်တကယ်ဖြစ်လာဖို့အတွက် ပီအက်စ်ဂျီက ထွက်ခွာဖို့ တောင်းဆိုုခဲ့ပါတယ်။



“အနာဂတ်မှာ ဘတ်ပီကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းအတွက် ခက်ခဲလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။ သူ့ရဲ့ငယ်ရွယ်တဲ့အသက်အရွယ်၊ ကမ္ဘာ့ချန်ပီယံဖြစ်နေမှုနဲ့သူ့ကို ကမ္ဘာ့ဘောလုံးလောကမှာ အလားအလာအကြီးမားဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်စေခဲ့တဲ့ မွေးရာပါအရည်အချင်းတွေကြောင့် အရမ်းဈေးကြီးနေပါတယ်”

“ပီအက်စ်ဂျီအသင်းကို လေးစားသမှုနဲ့ ပြောမှာပါ။ သူ့အနေနဲ့ အနာဂတ်မှာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတဲ့ အမွေကို ဆက်ခံဖို့အတွက် စပိန် ဒါမှမဟုတ် အင်္ဂလန်အသင်းကို သွားရောက်ကစားဖို့ ထွက်ခွာရပါမယ်။ အကောင်းဆုံးကစားသမားက အကောင်းဆုံးလိဂ်မှာ ကစားဖို့ လိုအပ်ပါတယ်”လို့ Betfair ကို ပြောကြားခဲ့ပါတယ်။



က္က