မနက်က ချန်ပီယံလိဂ်ပွဲမှာ ချဲလ်ဆီးဖက်ကို ၂ဂိုးထိသွင်းယူနိုင်ခဲ့တာပါ။
Kyaw Ko Ko Sint

လန်ဒန်မှာ အင်္ဂလိပ်ကလပ်အသင်းက မဟုတ်ပဲ ဂိုးအများဆုံးသွင်းထားသူက မက်ဆီနဲ့ ဂနာဘရီတို့သာ ရှိပြီး တစ်ဦးကို ၆ဂိုးစီသွင်းထားတာပါ။

၂၀၁၉-၂၀ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဂနာဘရီအနေနဲ့ ထူးခြားတဲ့ စံချိန်တစ်ခုကို တင်ရှိနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂနာဘရီကတော့ လန်ဒန်မှာ သွင်းဂိုး ၆ ဂိုးအထိ ရှိလာခဲ့ တာလို့ BBC SPORTကဖော်ပြလာပါတယ်။

ဂနာဘရီကတော့ မနက်က ကစားခဲ့တဲ့ ချဲလ်ဆီးနဲ့ပွဲမှာ သွင်းဂိုး ၂ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် လန်ဒန်မှာ စုစုပေါင်း သွင်းဂိုး ၆ ဂိုးထိရှိလာခဲ့တာပါ။

အကြောင်းကတော့ စပါးအသင်းဖက်ကိုလည်း ၄ ဂိုးထိသွင်းယူထားတာ ဖြစ်ပြီး ဒီလိုမျိုး အင်္ဂလန်ကလပ်အသင်းက မဟုတ်ပဲ လန်ဒန်မှာ ဂိုးအများဆုံး သွင်းယူထားနိုင်သူကတော့ ဂနာဘရီအပြင် မက်ဆီသာရှိတာပါ။

လက်ရှိမှာတော့ ဘာစီလိုနာက မက်ဆီနဲ့ ဘိုင်ယန်မြူးနစ်က ဂနာဘရီတို့ ၂ ဦးက လန်ဒန်မှာ ၆ ဂိုးစီနဲ့ အင်္ဂလိပ်အသင်းမဟုတ်တဲ့အသင်းက ဂိုးအများဆုံး သွင်းထားသူတွေအဖြစ် ရပ်တည်နေပါတယ်။

ဂနာဘရီကတော့ အာဆင်နယ် ကစားသမားဟောင်းတစ်ဦးဖြစ်တာနဲ့အညီ အရင်တုန်းက ဂန်းနားသွေးတွေက အခုချိန်ထိ စီးဆင်းနေတာကို မြင်တွေ့နိုင်ပြီး ချဲလ်ဆီးကို ဂိုးသွင်းအပြီး သူ့ရဲ့ လူမှုကွန်ရက်ကတဆင့် လန်ဒန်က အနီရေင်သာ ဖြစ်တယ်လို့ အခြားသော လန်ဒန်အသင်းတွေကို ရိသဲ့သဲ့ ပြောလာခဲ့တာလည်း တွေ့ရပါတယ်။

လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက ပထမအကျော့ အဝေးကွင်းမှာ ၃ဂိုးပြတ်အနိုင်ရခဲ့လို့ဒု-ကျော့ အိမ်ကွင်း ပြန်ကစားရမယ့်ပွဲမှာ အခက်အခဲ သိပ်မရှိနိုင်တော့ပဲ နောက်တစ်ဆင့်ကို တက်ဖို့ အခွင့်အရေးပိုမို အားကောင်းနေခဲ့ ပြီလည်း ဖြစ်ပါတယ်။


Author


က္က