ပွဲအပြီးအင်တ်ာဗျူးမှာ ဖြေဆိုခဲ့တာပါ။
Pyae Phyo Thein

ဘိုင်ယန်မြူးနစ်အသင်းကွင်းလယ်လူဂေါ်ရက်ဇ်ကာဟာ ဘာစီလိုနာကို ဂိုးပြတ်နိုင်ပွဲရယူအပြီးမှာ မက်ဆီနဲ့ပတ်သက်ပြီးတော့ မေးမြန်းခဲ့မှုကို အံ့အားသင့်ဖွယ်ရာဖြေဆိုမှုပြုလုပ်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ၈-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မက်ဆီအတွက် ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးရှုံးနိမ့်မှုကို ရင်ဆိုင်ခဲ့ရတာလည်းဖြစ်ပါတယ်။

ဂေါ်ရက်ဇ်ကာကတော့ ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့သူဖြစ်ပြီး အသင်းနိုင်ပွဲအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ကူညီနိုင်ခဲ့ပါတယ်။ မက်ဆီကတော့ ဂေါ်ရက်ဇ်ကာ လေးစားအားကျရတဲ့ကစားသမားတစ်ဦးလို့ သိရပြီး ပွဲအပြီးမှာ သတင်းထောက်တစ်ဦးက မက်ဆီနာကျင်ခံစားနေရမှုနဲ့ ပတ်သက်ပြီးတော့ အခုလိုပဲမေးမြန်းသွားခဲ့ပါတယ်။



"မက်ဆီက မင်းရဲ့ ကလေးဘဝ စံပြကစားသမားတစ်ဦးဖြစ်ခဲ့တယ်၊ အခု သူ ခံစားနေရတာတွေကို မြင်တွေ့ရတာက မင်းအတွက် နာကျင်မှုဖြစ်နေမလား" လို့ မေးမြန်းခဲ့ပါတယ်။ ဒီမေးခွန်းကို ဂေါ်ရက်ဇ်ကာက "မဖြစ်ပါဘူး၊ အဲဒါ နာကျင်စရာမဟုတ်ပါဘူး၊ အဲဒါက တကယ်ကို စိတ်ကျေနပ်စရာပါ" လို့ ပြန်လည်ဖြေဆိုသွားခဲ့တယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။ 

ဒီပွဲစဉ်မတိုင်ခင်မှာလည်း ဘိုင်ယန်မြူးနစ်အသင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ ရူမင်နစ်ဂီက မက်ဆီအနေနဲ့ အသက် ၁၉နှစ်အရွယ် နောက်ခံလူ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို ကျော်ဖြတ်နိုင်မှာမဟုတ်ဘူးလို့ သတိပေးခဲ့ပါသေးတယ်။ တကယ်ကစားခဲ့ချိန်မှာလည်း ဒေးဗီးစ်က အကောင်းဆုံးခြေစွမ်းပြသခဲ့ပြီး သူ့ရဲ့ကစားသမားဘဝကို လွှမ်းမိုးခဲ့တဲ့ မက်ဆီကို အကောင်းဆုံးထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ 

ဒီပွဲစဉ်ကတော့ ပြန်လည်ပြောဆိုချင်စရာ အကြောင်းအရာတွေ အများအပြားရှိခဲ့ပြီး ဘာစီလိုနာအတွက်ရော၊ ဘိုင်ယန်မြူးနစ်အတွက်ပါ စံချိန်မှတ်တမ်းတွေ အများအပြားပေါ်ထွက်ခဲ့တဲ့ပွဲဖြစ်လာခဲ့ပါတယ်။ ဘာစီလိုနာအတွက် ဥရောပပြိုင်ပွဲသမိုင်းမှာ အဆိုးဝါးဆုံးရှုံးပွဲဖြစ်ခဲ့ပြီး ဘိုင်ယန်အတွက်တော့ ချန်ပီယံလိဂ်ကွာတားဖို်င်နယ်သမိုင်းမှာ ဂိုးအပြတ်ဆုံးနိုင်ပွဲကို ရယူနိုုင်ခဲ့မှုလည်း ဖြစ်ခဲ့ပါတယ်။ 


Author


က္က