၇၀%အထိ လျှော့ချမယ်လို့ သတင်းတွေထွက်နေပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေရပ်နားထားခဲ့ရပြီးနောက်မှာ ကလပ်အသင်းတွေအနေနဲ့ ဘဏ္ဍာရေးပိုင်းထိခို်က်မှုတွေရှိလာခဲ့ပါတယ်။ အသင်းဝန်ထမ်းတွေ၊ ကစားသမားတွေရဲ့ လစာငွေပေးချေရမှု၊ ကွင်းပြုပြင်ထိန်းသိမ်းမှုတွေက ငွေယိုပေါက်အဖြစ် ပုံမှန်အတိုင်းရှိနေခဲ့ပေမယ့် ကွင်းဝင်ကြေး၊ ဂျာစီရောင်းရငွေနဲ့ ရုပ်သံထုတ်လွှင့်မှုကရရှိမယ့်ငွေကြေး အစရှိတဲ့ ရပေါက်ရလမ်းတွေအကုန်လုံး ပျောက်ဆုံးခဲ့ရပါတယ်။ 



ဒီအတွက်ကြောင့် အခုဆိုရင် နာမည်ကျော်ကလပ်အသင်းကြီးတွေက ကစားသမားတွေနဲ့ ဝန်ထမ်းတွေရဲ့ လစာကို လျှော့ချဖို့ ပြင်ဆင်လာခဲ့ကြပါပြီ။ ဒီထဲမှာမှ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပြီး Daily Mail ရဲ့ ဖော်ပြချက်အရဆိုရင် ဘာစီလိုနာအသင်း ဥက္ကဌဘာတိုမြူက အသင်းကစားသမားတွေရဲ့ လစာကို ၇၀%အထိ လျှော့ချသွားဖို့ရှိတယ်လို့ သိရပါတယ်။ 

တကယ်လို့သာ အဲဒီပမာဏအတိုင်း လျှော့ချခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာကစားသမားတွေရဲ့ လစာငွေက တော်တော်လေးကိုလျော့ကျသွားမှာဖြစ်ပါတယ်။ ဂိုးသမားတာစတီဂန်အနေနဲ့ လက်ရှိမှာတစ်ပတ်လုပ်ခ ပေါင်၂၁၇၀၀၀ ရရှိနေပြီး လျှော့ချခဲ့မယ်ဆိုရင်တော့ ပေါင်ခြောက်သောင်းခွဲသာရရှိတော့မှာဖြစ်ကာ ပေါင်တစ်သိန်းခွဲကျော်အထိ နစ်နာမှာဖြစ်ပါတယ်။ 


ဘက်ကွက်စ်


လက်ရှိလစာ - ပေါင် ၂၆၀၀၀၀

လျှော့ချအပြီး - ပေါင် ၇၈၀၀၀

နစ်နာမှု - ပေါင်၁၈၂၀၀၀


အာသာ


လက်ရှိလစာ - ပေါင် ၈၅၀၀၀

လျှော့ချအပြီး - ပေါင်၂၅၅၀၀

နစ်နာမှု- ပေါင်၅၉၅၀၀


ဒီဂျောင် 

လက်ရှိလစာ - ပေါင် ၁၇၀၀၀၀

လျှော့ချအပြီး - ပေါင် ၅၁၀၀၀

နစ်နာမှု - ပေါင် ၁၁၉၀၀၀


ဗီဒယ်


လက်ရှိလစာ - ပေါင် ၁၃၀၀၀၀

လျှော့ချအပြီး - ပေါင် ၃၉၀၀၀၀

နစ်နာမှု - ပေါင် ၉၁၀၀၀


မက်ဆီ

လက်ရှိလစာ - ပေါင်ငါးသိန်း

လျှော့ချအပြီး - ပေါင်တစ်သိန်းခွဲ

နစ်နာမှု - ပေါင်သုံးသိန်းခွဲ


ဂရစ်မန်း 

လက်ရှိလစာ - ပေါင် ၂၉၄၀၀၀

လျှော့ချအပြီး - ပေါင် ၈၈၂၀၀

နစ်နာမှု - ပေါင် ၂၀၅၈၀၀


ဆွာရက်ဇ်

လက်ရှိလစာ - ပေါင်၂၉၀၀၀၀

လျှော့ချအပြီး - ပေါင် ၈၇၀၀၀

နစ်နာမှု - ပေါင် ၂၀၃၀၀၀ ဆိုပြီးတော့ တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိမှာ ကစားသမားအများစုကတော့ လစာငွေလျှော့ချဖို့ကို ငြင်းဆန်နေတယ်လို့ သိရပြီး အသင်းနဲ့ ညှိနှိုင်းမှုတွေပြုလုပ်နေကြပါတယ်။ သတင်းတွေထွက်နေသလိုမျိုး ၇၀%အထိသာ လျှော့ချပစ်ခဲ့မယ်ဆိုရင်တော့ ဘာစီလိုနာရဲ့လစာအများဆုံးရကစားသမားမက်ဆီတောင်မှ တစ်ပတ်ကိုပေါင်တစ်သိန်းခွဲသာ ခံစားခွင့်ရရှိတော့မှာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က