ရာကီတစ်ဟာ ဒီရာသီကမှ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူနဲ့ အခြားကစားသမားတွေကြားက ဆက်ဆံရေးကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
အသင်းဟောင်းဆီဗီလာကို ဘာစီလိုနာကနေ ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူရာကီတစ်က နူးကမ့်မှာကစားခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်း မက်ဆီ၊ ဆွာရက်ဇ်တို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ဘူးလို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ရာကီတစ်ဟာ ဒီရာသီကမှ အသင်းဟောင်းကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူနဲ့ အခြားကစားသမားတွေကြားက ဆက်ဆံရေးကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
"သူတို့က ခြောက်နှစ်လောက် ကျွန်တော်နဲ့ အသင်းဖော်တွေဖြစ်ခဲ့ပြီး အရမ်းအရေးပါတဲ့ကစားသမားတွေပါ၊ ကျွန်တော့်အတွက် အံ့မခန်းစရာတွေကိုလည်း အမြဲတမ်းရရှိနေခဲ့ပြီး သူတို့ကို ကျွန်တော်လေးလေးစားစားပဲဆက်ဆံပါတယ်၊ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်းမှာဆို ကျွန်တော်တို့အားလုံးနီးနီးကပ်ကပ်ရှိခဲ့ပြီး အိမ်နီးနားချင်းတွေဖြစ်လုနီးပါးအထိပါပဲ၊ ပြီးခဲ့တဲ့နှစ်တွေအတွင်း ကျွန်တော့်ကို သူတို့ဘက်က ပြုမူဆက်ဆံပေးတာတွေအတွက်လည်း တကယ်ကျေးဇူးတင်ပါတယ်" လို့ ရာကီတစ်က El Desmarque သတင်းဌာနကို ပြောသွားခဲ့ပါတယ်။
ရာကီတစ်ဟာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံပွဲပေါင်း ၃၁၀ ကစားပေးခဲ့ပြီး ၃၆ ဂိုးသွင်းယူပေးခဲ့ကာ ချန်ပီယံလိဂ်ဖလားအပါအဝင် အဓိကဆုဖလားအများအပြားဆွတ်ခူးနိုင်ခဲ့ပါတယ်။