အသင်းလူစာရင်းကို စစ်ဆေးခဲ့ရာမှာ ချီလီနီနေရာမှာ အဆာဘီဖြစ်နေတာကို မန်စီနီက သတိမထားမိခဲ့ဘဲ အဆင်ပြေတယ်လို့ ယူဆခဲ့ပြီး အဆိုပါလူစာရင်းအတိုင်း ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။
အီတလီနည်းပြမန်စီနီဟာ ဘော့စနီးယားနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ နောက်ခံလူချီလီနီကို မှားယွင်းစွာနဲ့ ချန်လှပ်ခဲ့မိတယ်လို့ သိရပါတယ်။ မျက်မှန်မတပ်ထားခဲ့မိတာကြောင့် အသင်းလူစာရင်းကို ကြည့်ရှုခဲ့ရာမှာ မှားယွင်းမှုရှိခဲ့ပြီး အခုလိုသရေကျခဲ့တာဟာ သူ့ရဲ့အမှားကြောင့်ဖြစ်တယ်လို့ မန်စီနီက ပွဲအပြီးမှာဝန်ခံသွားခဲ့ပါတယ်။
အသင်းလူစာရင်းကို စစ်ဆေးခဲ့ရာမှာ ချီလီနီနေရာမှာ အဆာဘီဖြစ်နေတာကို မန်စီနီက သတိမထားမိခဲ့ဘဲ အဆင်ပြေတယ်လို့ ယူဆခဲ့ပြီး အဆိုပါလူစာရင်းအတိုင်း ပွဲထွက်စေခဲ့တာဖြစ်ပါတယ်။ ဒါဟာ မျက်မှန်တပ်ဆင်ထားခြင်းမရှိလို့ မတော်မဆမှားယွင်းခဲ့တာဖြစ်ကြောင်း မန်စီနီက သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောဆိုခဲ့ပါတယ်။
"အဲဒါကျွန်တော့်အမှားမှာပဲ၊ သူတို့က ကျွန်တော့်ကို လူစာရင်းပြခဲ့ပါတယ်၊ ကျွန်တော်မျက်မှန်မတပ်ထားတော့ အဆင်ပြေတယ်လို့ပဲပြောခဲ့ပါတယ်၊ အဆာဘီက ချီလီနီနေရာမှာ ရှိနေတာကို သတိမထားမိခဲ့ပါဘူး" လို့ မန်စီနီကပြောဆိုခဲ့ကြောင်း Sky Sports က ဖော်ပြခဲ့ပါတယ်။ အီတလီဟာ လာမယ့်ပွဲစဉ်အဖြစ် နယ်သာလန်အသင်းနဲ့ တနလာင်္နေ့မှာ ကစားသွားရမှာလည်းဖြစ်ပါတယ်။