ဒါဘီပွဲမှာ ဂိုးပြတ်နိုင်ခဲ့တာဖြစ်ပါတယ်။

ရက်ပေါင်း ၆၀ လောက် ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့တဲ့ ဘောလုံးပွဲတွေက ဒီနေ့မှာ ဘွန်ဒက်လီဂါပွဲတွေ ပြန်ကစားခြင်းဖြင့် ပြန်လာခဲ့ပြီ။  

စစချင်းမှာပဲ ပွဲကြီးပွဲကောင်းတစ်ပွဲအဖြစ် ဒေသတွင်းဒါဘီပွဲစဉ်ဖြစ်တဲ့ ဒေါ့မွန် နဲ့ ရှော်လ်ကေးပွဲပါလာခဲ့သည်။ ဒေါ့မွန်မှာ ဆန်ချို၊ မာကိုရူးစ်တို့လို ကြယ်ပွင့်တွေ ပွဲထွက်စာရင်းမှာ မပါခဲ့ပေမယ့် ပွဲငတ်နေသူတို့အတွက်တော့ ဘာဖြစ်ဖြစ် အဆင်ပြေခဲ့သည်။



ပရိသတ်မရှိတဲ့ ကွင်းထဲမှာ ကစားခဲ့ရပေမယ့် ဒေါ့မွန်က သူတို့ရဲ့ပုံစံကိုမပျက်စီးအောင်ထိန်းထားနိုင်ခဲ့တာကိုတွေ့ရသည်။ အိမ်ကွင်းမှာ ရှော်လ်ကေးကို ကစားကွက်အသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ကစားနိုင်ခဲ့ပြီးတော့ နေရာစုံကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပြီး ဧည့်သည်အသင်းကတော့ တစ်ချက်တစ်ချက်မှသာ ပြန်ထိုးဖောက်နိုင်ခဲ့သည်။ 

ပွဲဆက်ပျက်နေခဲ့ပေမယ့် ဒေါ့မွန်က အလုံးအထည်မလျော့တဲ့ အနေအထားမှာရှိနေခဲ့ပြီး နိုင်ပွဲရဖို့အတွက်ကို ဖာဗရီက စိတ်ပိုင်းဆိုင်ရာပါ မြှင့်တင်ပေးနိုင်ခဲ့ပုံရသည်။ တစ်ဦးချင်းကစားပုံရော၊ အသင်းလိုက်ကစားပုံမှာပါ သိသိသာသာအသာစီးရခဲ့ပြီး ဂွာရဲရိုးနဲ့ ဟာကီမီတို့ရဲ့ တိုက်စစ်လိုက်ပါနိုင်ခဲ့မှုကြောင့်လည်း သူတို့အသင်းတိုက်စစ်က ပိုပြီးအားကောင်းခဲ့တာလည်းဖြစ်သည်။

ဟာလန်းကတော့ ဒီနေ့ပွဲမှာ ဒေါ့မွန်ရခဲ့တဲ့သွင်းဂိုးတိုင်းလိုလိုမှာ ပါဝင်ပတ်သက်နိုင်ခဲ့သည်။ အဖွင့်ဂိုးကိုလည်း သူ့ရဲ့ပါးပါးနပ်နပ်နဲ့ ကန်သွင်းမှုကလည်း ရယူပေးခဲ့သည်။ ဒုတိယဂိုးမှာလည်း ရှော်လ်ကေးဂိုးသမားကို သူ Pressing လိုက်လုပ်ခဲ့ရာကတဆင့် ရှော်လ်ကေးဂိုးသမားအမြန်ကန်တင်ခဲ့ရပြီးနောက် ဒေါ့မွန်ဘောလုံးရခဲ့ကာ ဂွာရဲရိုးက သွင်းပေးခဲ့သည်။ 

တတိယဂိုးကတော့ ဟာလန်းကို တကယ်ချီးကျူးဖို့ကောင်းသည်။ ပြိုင်ဘက်ကစားသမားက သူ့ကို ဘောလုံးရော၊လူပါဖျက်ထုတ်ဖို့ ကြိုးစားခဲ့သည်။ သူ လဲမကျခင်မှာ ဘရန့်တ်ရဲ့ပြေးလမ်းကြောင်းထဲကို ဘောလုံးတိတိကျကျပေးနိုင်ခဲ့ပြီး ဘရန့်တ်က သော်ဂန်ဟာဇက်ကို ပြန်ဖန်တီးပေးခဲ့ကာ ဟာဇက်က အပြင်းကန်သွင်းပြီး ရယူခဲ့တာဖြစ်သည်။ စတုတ္ထဂိုးကလည်း သူပဲ လှလှပပဖန်တီးပေးခဲ့ပြီး ဂွာရဲရိုးကပဲ အဆုံးသတ်ခဲ့တာဖြစ်သည်။ 

ပွဲအပြီးမှာတော့ ဒေါ့မွန်က ခါးသီးဒါဘီပြိုင်ဘက်ကို ၄-၀ နဲ့ လှလှပပအနိုင်ယူခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ဖိအားပေးလိုက်သည်။ အခြားပွဲတွေမှာတော့ ဝုလ်ဘတ်က အော့စ်ဘတ်ကို အဝေးကွင်းမှာ ၂-၁ နဲ့အနိုင်ရရှိခဲ့သလို ဖရိုင်းဘတ်ကလည်း လိုက်ဇစ်ကို အဝေးကွင်းမှာ ၁-၁ နဲ့ သရေကစားနိုင်ခဲ့သည်။ ဒက်ဆယ်ဒေ့ါနဲ့ ပါဒါဘွန်းက ဂိုးမရှိသရေ၊ ဟာသာဘာလင်က အဝေးကွင်းမှာ ဟော့ဖန်ဟိမ်းကို ၃-၀ နဲ့ အနိုင်ရရှိခဲ့သည်။


ဆက်စပ်အကြောင်းအရာများ



က္က