သရေရလဒ်ကြောင့်ရိုးမားအနေနဲ့ ၁ပွဲနိုင် ၂ ပွဲသရေ ၅ မှတ်နဲ့ အုပ်စုကို ဦးဆောင်နေပါတယ်။

ရိုးမားအနေနဲ့ မိုချမ်ဂလာဘတ်နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲမှာ ၁-၀ နဲ့ နိုင်နေပေမယ့် ပွဲချိန် ၉၅ မိနစ်ခန့်မှာ ပင်နယ်တီပေးလိုက်ရလို့ ပွဲအပြီးမှာ တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးခဲ့ပါတယ်။

ရိုးမားနဲ့ မိုချမ်ဂလာဘတ်တို့ ကစားခဲ့ကြတဲ့ ယူရိုပါလိဂ် အုပ်စုပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေပွဲနဲ့ ပြီးဆုံးခဲ့ပြီး မိုချမ်အတွက် ချေပဂိုးကို ပွဲချိန် ၉၅ မိနစ်မှ ပင်နယ်တီကတဆင့် ရယူသွားတာပါ။





ပင်နယ်တီ ပြစ်ဒဏ်ဘောကလည်း ယူနိုက်တက်က အငှားနဲ့ လာကစားနေတဲ့ နောက်ခံလူ စမောလင်းကို ဘော လုံးက မျက်နှာတည့်တည့် လာထိတာကို ကွင်းလယ်ဒိုင်လူကြီးက လက်ထိပါတယ်ဆိုပြီးပင်နယ်တီ ပေးလိုက် တာပဲ ဖြစ်ပါတယ်။

ရိုးမားအနေနဲ့ ဇာနီအိုလိုရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ပေမယ့်လည်း ပွဲပြီးဆုံးဖို့ တစ်မိနစ်ခန့်အလိုမှာ ပေးလိုက်ရတဲ့ ပင်နယ်တီကြောင့် နိုင်ပွဲနဲ့ ဝေးခဲ့ရတာပါ။

ဒီလို ပင်နယ်တီ ပေးလိုက်ရတဲ့အပေါ်မှာတော့ မိုချမ်ဂလာဘတ်အသင်းကသူတို့ရဲ့ တရားဝင် တွစ်တာ စာမျက်နှာထက်ကနေ ရိုးမားအသင်းကို တောင်းပန်ထားခဲ့တာလည်း တွေ့ရပါတယ်။



မျက်နှာထိတာကိုလက်ထိဘောဆိုပြီး သတ်မှတ်ပေးခြင်းခံခဲ့ရတဲ့ စမောလင်းကလည်း - “ မယုံကြည်နိုင်စရာ ဆုံးဖြတ်ချက်ပါပဲ၊ကျွန်တော်တို့ ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပေမယ့် အရမ်းစိတ်ပျက်ဖို့ ကောင်းပါတယ်။” လို့ သူ့ရဲ့ တွစ်တာ စာမျက်နှာထက်မှာရေးသားဖော်ပြလာပါသေးတယ်။

အခုလို အဖြစ်အပျက်မျိုးနဲ့ ရင်ဆိုင်ခဲ့ရတာကတော့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲမရောက်မချင်း VAR စနစ်ကို အသုံးမပြုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က