ဟိုတယ်ကို ခွင့်ပြုချက်မရှိပဲ မိန်းကလေး ခေါ်ခဲ့လို့ အသင်းက ထုတ်ခံခဲ့ရသူတွေပါ။

ဖီးလ်ဖိုဒန်နဲ့မေဆန်ဂရင်းဝုဒ်တို့ နှစ်ဦးဟာ ခွင့်ပြုချက်မရှိပဲ ဟိုတယ်ကို မိန်းကလေး ခေါ်ခဲ့တာကြောင့် အသင်းက ထုတ်ပယ်ခဲ့တာပါ။

အသင်းက ချမှတ်ထားတဲ့စည်းကမ်းချက်ကို ဖောက်ဖျက်ကာ ဟိုတယ်အတွင်းသို့ ခွင့်ပြုချက် မရှိပဲ အမျိုးသမီးဖိတ်ခေါ်ခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် ဖီးလ်ဖိုဒန်နဲ့မေဆန်ဂရင်းဝုဒ်တို့ နှစ်ဦးကို နည်းပြ ဆောက်ဂိတ်က အသင်းလူစာရင်းကနေ ပြန်လည်ထုတ်ပယ်ခဲ့ပါတယ်။



အခုလို အသင်းက ထုတ်ပယ်လိုက်တာကြောင့် ဒိန်းမတ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဥ်ကို လွဲချော်ခဲ့ကြ ပြီး လူငယ်ကစားသမားတွေဖြစ်တဲ့အတွက် နည်းပြ ဆောက်ဂိတ်က ပြန်လည်ကူညီဖို့ ရည်ရွယ်ထားပါတယ်။

“ဒီကိစ္စမှာ ကျွန်တော် စဥ်းစားစရာ အများကြီး ရလိုက်ပါတယ်၊သူတို့အတွက် လိုအပ်နေတာက ယုံကြည်မှုပေးဖို့နဲ့ အချိန်ပါပဲ။ဒီကိစ္စဖြစ်လိုက်လို့ ဒါကို တစ်သက်လုံး ဆုပ်ကိုင်ပြီး သူတို့ကို ဆန့်ကျင်နေစရာ မလိုပါဘူး။ကျွန်တော် တို့ သူတို့ကို ကူညီသင့်ပါတယ်။အလားတူ ကလပ်အသင်းတွေကလည်း ကူညီပေးသင့်ပါတယ်။”လို့ ဆောက်ဂိတ် ကဒိန်းမတ်နဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောသွားတယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါ တယ်။

ဒါပေမယ့်လည်း အိုက်စလန်နဲ့အခြားနိုင်ငံ မီဒီယာတွေမှာတော့ ခွင့်ပြုချက် မရှိပဲ ဟိုတယ်ကို မိန်းကလေးတွေ ခေါ်ခဲ့တဲ့ အဆိုပါ ကစားသမားနှစ်ဦးရဲ့ အပြုအမူက ခွင့်လွှတ်နိုင်စရာ မရှိဘူးလို့ ဝေဖန်‌ရေးသားနေကြပါတယ်။

ဒါ့အပြင် အင်္ဂလန်အက်ဖ်အေကလည်း - “စည်းမျဥ်းချိုးဖောက်တဲ့ အပြုအမူက လက်မခံနိုင်စရာပါ၊”လို့ ထုတ်ပြန် ခဲ့ပါတယ်။

နည်းပြ ‌ဆောက်ဂိတ်ကလည်း သူတို့ နှစ်ဦးကို သီးသန့် ခွဲထုတ်မထားဘူးဆိုပေမယ့် တားမြစ်ချက်အချို့တော့ ပြု လုပ်ရမယ်လို့ ဒိန်းမတ်နဲ့ပွဲအပြီးမှာ ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က