နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီးမှာ အပြောင်းအရွှေ့အတွက် အရိပ်အမြွက်ပြောကြားခဲ့တာပါ။

စပို့တင်းလစ္စဘွန်းကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ နေးရှင်းလိဂ်ဗိုလ်လုပွဲအပြီး Sport Mediaset နဲ့ တွေ့ဆုံရာမှာ မငြင်းပယ်နိုင်တဲ့ကမ်းလှမ်းမှု လက်ခံရရှိခဲ့မယ်ဆိုရင် စပို့တင်းအသင်းကို ပြောဆိုသွားမှာဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီလက်ရွေးစင်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၁၈-၂၀၁၉ ရာသီမှာ စပို့တင်းလစ္စဘွန်းအသင်းအတွက် သွင်းဂိုး ၂၉ နဲ့ ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ထားနိုင်ခဲ့ပြီး စပို့တင်းလစ္စဘွန်းအသင်းကို ပေါ်တူဂီရှုံးထွက်ဖလားရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပါတယ်။



မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့အတွက် သတင်းတွေထွက်ပေါ်နေတာဖြစ်ပြီး ယူရိုသန်း ၇၀ နဲ့ ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပြီလို့ သတင်းတွေအရ သိရပါတယ်။

ပေါ်တူဂီအသင်းကို နေးရှင်းလိဂ်ဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် ဖာနန်ဒက်စ်ဟာ စပို့တင်းကို စွန့်ခွာလိုခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး အခြားအသင်းတွေဆီက ကမ်းလှမ်းမှုတွေကိုတော့ တံခါးဖွင့်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် ဘာမှမသိပါဘူး။ ဘာကအမှန်လဲဆိုတာကို နားလည်ဖို့အတွက် ရက်အနည်းငယ်အချိန်ယူရပါဦးမယ်”

“တစ်ခါတလေမှာ သတင်းစာတွေက ဈေးကွက်ကို လှုပ်ရှားစေပြီး ရောင်းချမှုတွေပြုလုပ်အောင် ဆွတတ်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်”

“ကျွန်တော်ကတော့ အေးဆေးပါပဲ။ ကျွန်တော် အသင်းကြီးတစ်သင်းမှာရှိနေတာပါ။ ပြောင်းရွှေ့စရာမလိုပါဘူး။ ထွက်ခွာဖို့ ကြိုးပမ်းမှာမဟုတ်ပါဘူး”

“တကယ်လို့ ခင်ဗျား မငြင်းပယ်နိုင်တဲ့အခွင့်အလမ်းတစ်ခု ရောက်လာခဲ့မယ်ဆိုရင်တော့ ကျွန်တော် စပို့တင်းကို စကားပြောသွားမှာပါ”လို့ Sport Mediaset ကို ပြောကြားခဲ့ပါတယ်။



က္က