အသင်းပြောင်းရွှေ့ဖို့ အစီအစဉ်မရှိဘူးလို့ ပြောခဲ့တာပါ။
Kg Htet

ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ဒီဘာလာဟာ ယခုနွေရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့အစီအစဉ်မရှိဘဲ ဂျူဗင်တပ်အသင်းမှာသာ ဆက်နေလိုကြောင်း Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတစ်ခုမှာ ဒီဘာလာရဲ့အစ်ကိုနဲ့ အေးဂျင့်တို့ဟာ ဂျူဗင်တပ်အသင်းကနေ ဒီဘာလာ ထွက်ခွာလိုနေတယ်လို့ ပြောကြားခဲ့ကြတာဖြစ်ပါတယ်။ “သူဘယ်သွားမလဲဆိုတာ ကျွန်တော် မပြောနိုင်ပါဘူး။ ဒါပေမယ့် ပေါ်လိုထွက်ခွာဖို့ ခိုင်မာတဲ့အခွင့်အရေးတော့ ရှိနေပါတယ်။ ဟုတ်တာပေါ့။ သူ အဲဒီမှာ မပျော်မရွှင်ဖြစ်နေပါတယ်”လို့ ဒီဘာလာရဲ့အစ်ကို ဂူစတာဗိုဒီဘာလာက ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့သတင်းတွေထွက်ပေါ်နေတဲ့ ဒီဘာလာက ၎င်းအစ်ကိုရဲ့ ပြောကြားချက်ကို ငြင်းပယ်သွားခဲ့ပါတယ်။



“ကျွန်တော့်အစ်ကိုက သူ့အတွက် သူပြောတာပါ။ ပရာတီစီက ကျွန်တော် လာမယ့်နှစ်မှာ ဘာလုပ်ချင်လဲဆိုတာ သိပါတယ်။ ဒီမှာ ဆက်ပြီး ကစားချင်နေတယ်ဆိုတာကိုပေါ့။ “ကျွန်တော် ဒီမှာဆက်ပြီး ရှိနေချင်တယ်ဆိုတာ ပရာတီစီသိပါတယ်။ ပြီးတော့ အဲဒါက ကျွန်တော့်အပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး”

“ဂျူဗင်တပ်က အဲဒီအပြောင်းအရွှေ့ကိစ္စကို နည်းပြနဲ့အတူ ရွေးချယ်ရမှာပါ။ ဒါပေမယ့် လူတွေအားလုံးသိကြပါတယ်။ ကျွန်တော် လာမယ့်နှစ် ဒီမှာပဲနေချင်ပါတယ်။ ဒီရှပ်နဲ့ ဒီပရိသတ်တွေကို ကျွန်တော် လေးစားမှုအများကြီးရှိပါတယ်။ ဒီအတွက်ကြောင့်လည်း ကျွန်တော် ဂျူဗင်တပ်အကြောင်းပဲ ပြောမှာပါ။ အခြားအသင်းတွေအကြောင်း မပြောပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက လေးစားမှုကင်းမဲ့တဲ့ပုံပေါက်နေလို့ပါ”လို့ Sky Sport Italia ကို ပြောကြားခဲ့ပါတယ်။


Author


က္က