မုန်တိုင်းကြောင့် ရေဘေးသင့်ပြီး အားလုံး ဆုံးရှုံးသွားသူတွေရဲ့ ဘဝကို ကူညီပေးခဲ့တာပါ။

ဖခင်ဖြစ်သူ ကြီးပြင်းခဲ့ရာ ဒေသက အရာအားလုံး ဆုံးရှုံးသွားတဲ့ ပြည်သူ ၇ ဦးရဲ့ ဘဝအတွက် ဒီဂီယာက ယူရို ၂၀၀၀၀၀ ကို လှူဒါန်းမှု ပြုလုပ်ခဲ့တာပါ။

စပိန်မှာ မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ပြည်သူ ၇ ဦးရဲ့ ဘ၀ ရှေ့ဆက်နိုင်ဖို့ ယူနိုက်တက်အသင်းက စပိန်လက်ရွေးစင် ဂိုးသမား ဒီဂီယာက ပေါင် ၁၇၅၀၀၀ လှူဒါန်းမှု ပြုလုပ်ပေးခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြလာပါ တယ်။

ဒီသတင်းကိုတော့ စပိန်ကြက်ခြေနီအဖွဲ့က အတည်ပြုပေးခဲ့တာ ဖြစ်ပြီး ကယ်ဆယ်ရေးအတွက် ဒီဂီယာက လှူဒါန်းခဲ့တာပါ။

ကြက်ခြေနီအဖွဲ့အစည်းရဲ့ တရားဝင် လူမှု စာမျက်နှာထက်မှာ - “ အလီကန်တေနဲ့မာစီယာဒေသက ရေဘေးသင့်ပြည်သူ ၇ ဦးအတွက်  ယူရို ၂၀၀၀၀၀ လှူဒါန်းပေးခဲ့တဲ့ ဒီဂီယကို ကျေးဇူးအထူးတင်ရှိပါတယ်။” လို့ ရေးသားဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့ အပတ်က မုန်တိုင်းသင့်ခဲ့တာကြောင့် ဒီဒေသနှစ်ခုမှာ ရေကြီးမှုတွေ ဖြစ်ကျန်နေခဲ့ပြီး ကယ်ဆယ်ရေး တွေ လုပ်ဆောင်နေရတာပါ။

မြစ်ရေကျော်မှုကြောင့် ရေဘေးသင့်နေတဲ့ ပြည်သူတွေ အသက်ဆက်ရှင်သန်နိုင်ဖို့ စစ်တပ်ကလည်း အင်တိုက် အားတိုက် ကယ်ဆယ်မှုတွေ ပြုလုပ်နေပါတယ်။



မုန်တိုင်းမှာ ပါဝင်ခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် ဒတ်ချ်လူမျိုးကြီးအနေနဲ့ အရာအားလုံး ဆုံးရှုံးသွားသလို သူ့ရဲ့ နိုင်ငံကူးလက်မှတ်လည်း မရှိတော့ပါဘူး။

အခုလို ဒီဂီယာအနေနဲ့ဒီသေက အရာအားလုံး ဆုံးရှုံးသွားတဲ့ လူ၇ဦးရဲ့ ဘဝကို ကူညီပေးရတဲ့ အဓိက ဆက်စပ်အကြောင်းရင်းကတော့ သူ့ဖခင်က အလီကန်တေ ဒေသမှာ ကြီးပြင်းခဲ့သူ ဖြစ်တာကြောင့်လို့လည်း ဆက်စပ်သိရပါတယ်။

ဒီဂီယာကတော့ ယူနိုက်တက်အသင်းနဲ့အတူ ပြီးခဲ့တဲ့ ရက်ကမှ သက်တမ်းတိုး စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆို ထားနိုင်သူပါ။


ဆက်စပ်အကြောင်းအရာများ



က္က