၂၀၀၃ခုနှစ်က ကစားခဲ့တဲ့ အန်ဒါလက်ချ်မှာပဲ ကစားသမားဘဝကို ပြန်လည် ကုန်ဆုံးခဲ့တာပါ။
Kyaw Ko Ko Sint

၂၀၁၉မှာ အနားယူချိန်က အန်ဒါလက်ချ်အသင်းမှာ ကစားသမား-နည်းပြအဖြစ် နှစ်နေရာတွဲပြီး တာဝန်ယူထား ခဲ့တာ ဖြစ်ပြီး အခုအခါ ကစားသမားဘဝကို အပြီးတိုင် အနားယူလိုက်တာပါ။

ကစားသမားဘဝက အနားယူချိန်မှာ အန်ဒါလက်ချ်အသင်းက ကွန်ပနီကို ၄နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ နည်းပြရာထူး ခေါ်ယူခန့်အပ်ခဲ့ပါတယ်။

ဘယ်လ်ဂျီယံကလပ်မှာ ကွန်ပနီဟာ ကစားသမား-နည်းပြ အဖြစ် နှစ်နေရာမှာ တာဝန်ထမ်းဆောင်ခဲ့ပေမယ့် ယခု အခါမှာတော့ ကစားသမားဘဝကို အပြီးတိုင် အနားယူကာ နည်းပြ တာဝန်ကို အပြည့်အဝယူတော့မယ်လို့ တရား ဝင်ကြေညာခဲ့တာပါ။

“အခုလို အနားယူရတာကတော့ နည်းပြ တာဝန်အပေါ်မှာ ၁၀၀ရာခိုင်နှုန်း အပြည့်အဝ တာဝန်ယူချင်လို့ပါ၊ဒီလို အနားယူသွားလို့ ကျွန်တော်တို့ရဲ့ စိတ်အားထက်သန်မှုနဲ့နိုင်ပွဲဆာလောင်မှုတွေက အတူတူပဲ ရှိနေပါလိမ့်မယ်။ နောက်ပြီး အသင်းနဲ့အတူ ချုပ်ဆိုထားတဲ့အတိုင်း အနည်းဆုံး ၄နှစ်တော့ လက်တွဲချင်ပါသေးတယ်။ဒီအတော အတွင်းမှာ အန်ဒါလက်ချ်အသင်းအနေနဲ့ လက်ရှိ မော်ဒန်ဘောလုံးစတိုင်အတိုင်း လိုက်ပါ ကစားနိုင်ကြောင်းလည်း သက်သေပြနိုင်အောင် ကြိုးစားပါမယ်။”လို့ ကွန်ပနီက ဆိုပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင်ဟောင်းဟာ မန်ချက်စတာစီးတီးအသင်းမှာ ၁၁နှစ်ကြာ ကစားခဲ့တာဖြစ်ပြီး ကစားသ မားဘဝမှာ ဘယ်လ်ဂျီယံလိဂ်ဖလား ၂ကြိမ်၊ပရီးမီးယားလိဂ်ဖလား ၄ကြိမ်၊အက်ဖ်အေဖလား ၂ကြိမ်နဲ့ လိဂ်ဖလား ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

နိုင်ငံလက်ရွေးစင်အသင်းနဲ့အတူလည်း ပွဲပေါင်း ၈၉ပွဲအနိုင်ရခဲ့ကာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အသင်းနဲ့ အတူ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ ကွန်ပနီအနေနဲ့ ပထမဆုံး အချိန်ပြည့်နည်းပြအဖြစ် မိုစခရွန်အသင်းနဲ့ တနင်္ဂနွေနေ့မှာကစားရ မယ့်ပွဲမှာ စတင် ကိုင်တွယ်ပါတော့မယ်။


Author


က္က