ဇူလိုင် ၁၇ ရက်မှာ အတည်ပြုဆုံးဖြတ်သွားမှာပါ။
Pyae Phyo Thein

သြဂုတ်လအတွင်းမှာ ပြန်လည်စတင်ဖို့ ရည်မှန်းထားပြီး ဗိုလ်လုပွဲအထိ မြို့တစ်မြို့တည်းမှာပဲ ကစားသွားမှာဖြစ်ကာ မူလကတော့ ကွာတားဖိုင်နယ်ကပဲ စတင်ပြီးကျင်းပသွားဖို့ရှိပေမယ့် ၁၆သင်းအဆင့်ပွဲစဉ်တွေပါ ပါဝင်ခဲ့တာပါ။


ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်၊ ဒုတိယအကျော့ပွဲစဉ်တွေဖြစ်တဲ့ မန်စီးတီး နဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ နဲ့ နာပိုလီတို့ရဲ့ ပွဲစဉ်တွေကို လစ္စဘွန်းမြို့မှာ ကျင်းပသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဇွန်လ ၁၇ ရက်နေ့မှာ ချန်ပီယံပြိုင်ပွဲနဲ့ပတ်သက်ပြီး အတည်ပြုဆုံးဖြတ်ချက်တွေ ချမှတ်သွားမှာဖြစ်ပြီး ဘယ်လိုပုံစံနဲ့ကစားသွားမလဲဆိုတာကိုပါ သိရှိရမယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။

လက်ရှိမှာတော့ နိုင်ငံတစ်နိုင်ငံတည်းမှာပဲ အခြေစိုက်ကျင်းပသွားဖို့ အဆိုပြုထားပြီး ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့ကို ရွေးချယ်ထားတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ ပြန်လည်စတင်ဖို့ ရည်မှန်းထားပြီး ဗိုလ်လုပွဲအထိ မြို့တစ်မြို့တည်းမှာပဲ ကစားသွားမှာဖြစ်ကာ မူလကတော့ ကွာတားဖိုင်နယ်ကပဲ စတင်ပြီးကျင်းပသွားဖို့ရှိပေမယ့် ၁၆သင်းအဆင့်ပွဲစဉ်တွေပါ ပါဝင်ခဲ့တာပါ။

၁၆ သင်းအဆင့်ပွဲတွေကတော့ လေးပွဲကစားပြီးဖြစ်ကာ လေးပွဲကျန်ရှိနေပြီး မန်စီးတီး-ရီးရဲလ်၊ ဘာစီလိိုနာ-နာပိုလီ၊ ဘိုင်ယန်-ချယ်လ်ဆီး၊ ဂျူဗီ-လိုင်ယွန်တို့ကစားရမှာဖြစ်ပါတယ်။ အဆိုပါပွဲတွေထဲမှာ ဘိုင်ယန်ပွဲတစ်ပွဲတည်းသာ ပြတ်ပြတ်သားသားအဖြေထွက်ထားပြီး ကျန် ၃ပွဲကတော့ ကိုယ်စီအခွင့်အရေးရှိတဲ့အသင်းတွေဖြစ်လို့ အကြိတ်အနယ်ရှိဦးမှာ သေချာပါတယ်။ 

ပထမအကျော့မှာ မန်စီးတီက အဝေးကွင်းမှာ ရီးရဲလ်ကို ၂-၁ နဲ့ အနိုင်ရခဲ့သလို လိုင်ယွန်ကလည်း အိမ်ကွင်းမှာ ဂျူဗီကို ၁-၀ နဲ့ အနိုင်ရခဲ့ပါတယ်။ နာပိုလီနဲ့ ဘာစီလိုနာကတော့ တစ်ဂိုးစီသရေကျထားလို့ အသင်းတိုင်းအတွက် မျှော်လင့်ချက်ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယအကျော့ကို အိမ်ကွင်းမှာကစားရမယ့် အသင်းတွေအတွက်တော့ လစ္စဘွန်းမှာပဲ ကစားရမယ်ဆိုတာက စိတ်ပျက်စရာတော့ဖြစ်လာခဲ့ပါတယ်။ 


Author


က္က