မန်စီးတီးကတော့ လိုင်ယွန်ကို ၃-၁နဲ့ အရေးနိမ့်ပြီး ၃နှစ်ဆက် ကွာတားက ထွက်ခဲ့ရတာပါ။

မန်စီးအသင်းကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲဟာ နည်းဗျူဟာပိုင်းသာခဲ့သလို ကစားသမားတွေရဲ့ တိုက်ပွဲဝင် စိတ်ဓာတ် ကြောင့်လည်း ဖြစ်တယ်လို့ လိုင်ယွန်နည်းပြ ဂါစီယာက ဆိုပါတယ်။

မန်ချက်စတာစီးတီးအသင်းကို ၃-၁နဲ့ အနိုင်ရအပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားတဲ့ လိုင်ယွန် အသင်းရဲ့ နည်းပြ ဂါစီယာက မိမိတို့အနေနဲ့ မန်စီးတီးကို နည်းဗျူဟာပိုင်းအရ အသာစီးရယူနိုင်ခဲ့တယ်လို့ ပွဲ အပြီးမှာကြေညာသွားခဲ့ပါတယ်။



နှစ်သင်းစလုံး ၃-၅-၂ ကစားပုံနဲ့ အခြေခံပြီး ကစားခဲ့ကြပေမယ့်လည်း ဂါစီယာရဲ့အသင်းက ကစားကွက်အပေါ် ပိုမို လိုက်လျောညီထွေ ရှခဲ့တယ်လို့ဆိုပါတယ်။

“ဂွါဒီယိုလာနဲ့ဆိုရင် ဘာမဆို မျှော်လင့်နိုင်ပေမယ့ ဒီပွဲမှာတော့ ကျွန်တော်တို့ နည်းဗျူဟာပိုင်း အသာရခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ အထူးကစားကွက်က ကောင်းမွန်ခဲ့ပါတယ်။အဓိကကတော့ ဒီဘရိုင်းကို ထိန်းချုပ်နိုင်ခဲ့တာပါ။”လို့ ရူဒီဂါစီယာကRMC Sportဆိုပါတယ်။

ဒါ့အပြင် အခုလို အသင်းအနိုင်ရတာဟာ နည်းဗျူဟာ ကောင်းမွန်မှုတစ်ခုတည်းတင်မရပဲ ကစားသမားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် ပြင်းထန်မှုကြောင့်လည်း ပါတယ်လို့ ဆိုပါသေးတယ်။

“ကျွန်တော်ကစားသမားတွေအတွက် ဂုဏ်ယူပါတယ်။မူလက ကျွန်တော်တို့ အားလုံးသိထားတာ ကျွန်တော်တို့က အသင်းကြီးတွေရဲ့ ပြိုင်ဖက်မဟုတ်ပါဘူး၊ဒါပေမယ့် အခုချိန်မှာ ၃-၁ဆိုတဲ့ရလဒ်နဲ့ ကျွန်တော်တို့ ကျော်ဖြတ်ပြနိုင်ခဲ့ ပါတယ်။ဒါက တစ်ဦးနဲ့တစ်ဦးကြားက တိုက်ပွဲဝင်စိတ်ဓာတ် ချိတ်ဆက်မှု အားကောင်းလို့ပါ။တစ်ဦးတစ်ယောက် ချင်းစီ မခိုမကပ်ပဲ အမြင့်ဆုံးပေးဆပ်ကစားခဲ့ကြတာ မြင်ပါတယ်။”လို့ ဂါစီယာက ဆက်လက်ပြောပါတယ်။

လိုင်ယွန်အသင်းကတော့ ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာကို ၈-၂ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ရ ပါမယ်။

Share

Loading Next Article...
က္က