သြဂုတ်လ ၈ ရက်နေ့မှာ ကစားသွားကြမှာပါ။
Pyae Phyo Thein

ပထမအကျော့အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ထားခဲ့တဲ့ ရီးရဲလ်ဟာ ဒုတိယအကျော့မှာတော့ ၂-၀၊ ၃-၁ ဆိုတဲ့ ရလဒ်တွေထွက်ပေါ်လာအောင် ကစားဖို့ လိုအပ်နေပါတယ်။


မန်စီးတီးနဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာ ပရိသတ်တွေမရှိတာက သူတို့အတွက် အကျိုးအမြတ်ဖြစ်စေလိမ့်မယ်လို့ ရီးရဲလ်ကွင်းလယ်လူ ကက်စ်မဲရိုးက ပြောဆိုလိုက်ပါတယ်။ ပထမအကျော့အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ထားခဲ့တဲ့ ရီးရဲလ်ဟာ ဒုတိယအကျော့မှာတော့ ၂-၀၊ ၃-၁ ဆိုတဲ့ ရလဒ်တွေထွက်ပေါ်လာအောင် ကစားဖို့ လိုအပ်နေပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ် ပွဲပယ်ခံထားရပြီး ခံစစ်ပိုင်းမှာ အားနည်းမှုတွေရှိနေမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကက်စ်မဲရိုးက ဇီဒန်းအနေနဲ့ အသင်းကိုအကောင်းဆုံးတည့်မတ်ပေးနိုင်မယ်လို့ ယုံကြည်နေပြီး ကွင်းပိတ်ကစားမှုကနေ အခွင့်အရေးရယူနိုင်ဖို့ မျှော်လင့်နေကြောင်း Esporte Interactivo ကို ပြောဆိုခဲ့ပါတယ်။

"ပရိသတ်တွေမပါဝင်တာက ကွဲပြားခြားနားမှုတစ်ခုပါပဲ၊ ပွဲကောင်းတစ်ပွဲဖြစ်လာမှာဖြစ်ပြီး နှစ်သင်းစလုံးအတွက် ခက်ခဲမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့က ရီးရဲလ်မက်ဒရစ်ပါ၊ ကျွန်တော်တို့မှာ နောက်တဆင့်ကို အရောက်သွားနိုင်တဲ့ အခွင့်အရေးရှိနေပါသေးတယ်၊ သူတို့ပရိသတ်တွေ မရှိတာက ကျွန်တော်တို့ကို နည်းနည်းလေးမျက်နှာသာပေးနေသလိုပါပဲ"

"ဒါပေမယ့် ကစားသမားတွေကတော့ အတူတူပါပဲ၊ နည်းပြကလည်း ဒီအတိုင်းပါပဲ၊ သူတို့က အသင်းကောင်းတစ်သင်းဖြစ်လို့ ခက်ခဲမယ်ဆိုတာကတော့ အသေအချာပါပဲ" လို့ ကက်စ်မဲရိုးက ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ကတော့ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး မန်စီးတီးကတော့ ကာရာဘောင်းဖလားကိုသာ ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ ရီးရဲလ်မက်ဒရစ်အသင်းက ၁၆ သင်းအဆင့်ကနေပဲ ထွက်ခွာခဲ့ရပြီးတော့ ဒီရာသီမှာလည်း အလားတူအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ဇီဒန်း နဲ့ ရော်နယ်ဒိုတို့ ထွက်ခွာခဲ့တဲ့ နောက်ဆက်တွဲအကျိုးတွေလို့ ပြောဆိုနိုင်ပြီး အခုအခါမှာ ဇီဒန်းကတော့ ပြန်လည်ရောက်ရှိလာခဲ့ပြီး အသင်းကို အကောင်းဆုံးဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ 


Author


က္က