အသင်းလူစာရင်းမှာ မပါဝင်ခဲ့တဲ့အပေါ် ပြန်ရှင်းပြခဲ့တာပါ။
Pyae Phyo Thein

အင်္ဂလန်ကိုရောက်ရှိလာတဲ့ ရီးရဲလ်လူစာရင်းမှာ ဘေးလ်မပါဝင်ခဲ့တဲ့နောက် ဇီဒန်းရဲ့ ချန်လှပ်မှုကိုခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုကို ဖြေရှင်းခဲ့တာလည်းဖြစ်ပါတယ်။


အသင်းကစားသမားဂါရတ်ဘေးလ်ဟာ မန်စီးတီးနဲ့ပွဲကို မကစားချင်ဘူးလို့ ကိုယ်တိုင်ငြင်းဆိုခဲ့တာဖြစ်ကြောင်း နည်းပြဇီဒန်းက သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အင်္ဂလန်ကိုရောက်ရှိလာတဲ့ ရီးရဲလ်လူစာရင်းမှာ ဘေးလ်မပါဝင်ခဲ့တဲ့နောက် ဇီဒန်းရဲ့ ချန်လှပ်မှုကိုခံခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့မှုကို ဖြေရှင်းခဲ့တာလည်းဖြစ်ပါတယ်။

မနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘေးလ်နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေအပေါ် ဇီဒန်းက စိတ်ပျက်နေခဲ့ဟန်ရှိပါတယ်။ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို တုံးတိတိသာဖြေဆိုခဲ့ပြီး သူနဲ့ကစားသမားကြားမှာ ဆက်ဆံရေးကောင်းရှိတယ်လို့ ပြောဆိုခဲ့ပြီး ကစားသမားကသာ ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့တာလို့ ဖွင့်ဟခဲ့ပါတယ်။ 


ဘေးလ်ပါဝင်ခဲ့ခြင်းမရှိတဲ့အပေါ် ဇီဒန်းက "ကျွန်တော်ရှင်းပြချင်ပါတယ်၊ ဘာလို့လဲဆိုတော့ ဒီအကြောင်းနဲ့ပတ်သက်ပြီး ပြောဆိုမေးမြန်းနေတာတွေက အများကြီးဖြစ်နေလို့ပါ၊ ကျွန်တော့်အသင်းရဲ့ ကစားသမားနဲ့ နည်းပြကြားမှာ လေးစားမှုရှိတဲ့ ဆက်ဆံရေးရှိပါတယ်၊ ဒါကရှင်းပါတယ်၊ ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ဒီပွဲကိုမကစားဘူးလို့ သူဆုံးဖြတ်ခဲ့တာပါ၊ ဒါက သူနဲ့ကျွန်တော့်ကြားမှာရှိတာအကုန်ပါပဲ" လို့ ဇီဒန်းက ဆိုပါတယ်။

ဘေးလ်ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးမေးမြန်းချိန်မှာတော့ ဇီဒန်းဟာ အနည်းငယ်ဒေါသထွက်ခဲ့ပြီး "ဒီအခြေအနေမဖြစ်ခင်မှာလည်း ကျွန်တော်ဖြေဆိုခဲ့ပြီးသားပါ၊ သူနဲ့ကျွန်တော့်ကြားပြောဆိုခဲ့မှုအားလုံးကို ကျွန်တော်မပြောပြနိုင်ဘူး၊ သူက ရီးရဲလ်ကစားသမားတစ်ယောက်ပါ၊ ဘာမှမပြောင်းလဲပါဘူး၊ ဒီအပေါ်မှာ ကျွန်တော်လေးစားမှုရှိပါတယ်၊ မကစားဖို့အတွက် သူ ဆုံးဖြတ်ခဲ့ပြီး ဒီကိုရောက်နေတဲ့ ကစားသမားတိုင်းက မနက်ဖြန်ပွဲအတွက် အာရုံစိုက်နေကြပါတယ်" လို့ ပြောဆိုခဲ့ပါတယ်။

ဘေးလ်ကတော့ ပြန်လည်စတင်ခဲ့တဲ့ဘောလုံးပွဲတွေမှာ ၁ ပွဲသာ ပွဲထွက်ခွင့်ရရှိခဲ့ပြီး အရန်ကစားသမားအဖြစ်နဲ့သာ ရှိနေခဲ့သူလည်းဖြစ်ပါတယ်။ 


Author


က္က