အသက် ၁၈ နှစ်အရွယ်သာ ရှိသေးပါတယ်။
မန်ယူက ခေါ်ယူသွားဖို့ ချိတ်ဆက်နေပေမယ့် လာမယ့်နှစ်အထိ အသင်းမှာသာ ဆက်ရှိနေမယ်ဆိုတာ သေချာတယ်လို့ ဒေါ့မွန်ရဲ့ အဆင့်မြင့် အရာရှိတစ်ဦးက ဒေးလီးမေးလ်ကို ပြောခဲ့တယ်လို့ သိရပါတယ်။

နွေရာသီမှာ မန်ယူက ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ လူငယ်တိုက်စစ်မှူး ဆန်ချိုကို ရောင်းရန်မဟုတ်လို့ ဒေါ့မွန်အသင်းက တံဆိပ်ကပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြပါတယ်။



“လက်ရှိ နိုင်ငံအသင်းအတွက် သွားကစားနေပါတယ်၊ နောက်ပြီး နောက်ရာသီမှာလည်း သူဒေါ့မွန်မှာ သေချာပေါက် ဆက်ရှိနေမှာပါ” လို့ ဒေ့ါမွန်အသင်း အဆင့်မြင့်အရာရှိတစ်ဦးက ဒေးလ်ီးမေးလ်ကို ပြောခဲ့ပါတယ်။

ဆန်ချိုကတော့ လက်ရှိမှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပူးပေါင်းနေပြီး မနက်ဖြန် ချက်အသင်းနဲ့ ပွဲဟာ သူ့ရဲ့ လေးပွဲမြောက် နိုင်ငံအသင်းပွဲစဉ်အဖြစ် ပွဲထွက်လာဖို့ များနေပါတယ်။

အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ အဆိုပါ အင်္ဂလန်သားဟာ ဒီနှစ်မှာ ဒေ့ါမွန်အသင်းအတွက် ၁၃ ဂိုး ဖန်တီး ကာ ၉ ဂိုးအထိ သွင်းယူပေးထားနိုင်သူပါ။ ဒါ့အပြင် ဒေါ့မွန်အသင်းအနေနဲ့ကလည်း အမေရိကန် ကစားသမား ပူလီဆစ်ကို ချဲလ်ဆီးအသင်းထံ ပေါင် ၅၈ သန်းနဲ့ ရောင်းချထားနှင့်ပြီး ဖြစ်တာကြောင့်လည်း နောက်ထပ် ကြယ်ပွင့်ကစားသမားကို ထပ်မံ လက်လွှတ်ဖို့ မဖြစ်နိုင်မယ့် အခြေအနေကို မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

လက်ရှိ ဇွန်လမှာ ကစားဖို့ရှိတဲ့ ဥရော့ပ ယူ-၂၁ ပြိုင်ပွဲအတွက်လည်း ဆန်ချိုကို အင်္ဂလန်ယူ-၂၁ အသင်းက ခေါ်ယူဖို့ မရှိပဲ သူ့နေရာမှာ အခြားလူငယ်ကစားသမားကို အခွင့်အရေးပေးကာ ဆန်ချိုကိုတော့ အသင်းကြီး အတွက် မျှော်လင့်ချက်ထားထားတယ်လို့ Daily Mailက ဖော်ပြပါတယ်။ ဆန်ချိုကို မန်ယူအသင်းသာမက ပြင်သစ်ထိပ်သီး ပီအက်စ်ဂျီအသင်းကပါ စိတ်ဝင်စားလျက်ရှိတယ် လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က