အသင်းနဲ့လေ့ကျင့်ခန်းမဆင်းဖို့ သဘောတူထားတယ်လို့ သိရပါတယ်။

 ဒီရာသီမှာ ဂျူဗီအတွက် တစ်ပွဲမှကစားပေးထားရခြင်းမရှိသေးတဲ့ တိုက်စစ်မှူးရဲ့တူရင်ကစားသမားဘဝအနာဂတ်ဟာ မကြာခင်မှာပဲ ပြီးဆုံးဖို့ နီးစပ်လာပြီလည်းဖြစ်ပါတယ်။


တိုက်စစ်မှူးမန်ဇူကစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းမဆင်းဖို့အတွက် သဘောတူညီမှုရယူထားတယ်လို့ ဂျူဗင်တပ်စ်အသင်းနည်းပြဆာရီက တရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပြီဖြစ်ပါတယ်။ ဒီရာသီမှာ ဂျူဗီအတွက် တစ်ပွဲမှကစားပေးထားရခြင်းမရှိသေးတဲ့ တိုက်စစ်မှူးရဲ့တူရင်ကစားသမားဘဝအနာဂတ်ဟာ မကြာခင်မှာပဲ ပြီးဆုံးဖို့ နီးစပ်လာပြီလည်းဖြစ်ပါတယ်။

အယ်လီဂရီရဲ့နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ ဆာရီက ဟီဂူအင်၊ ဒီဘာလာ နဲ့ ရော်နယ်ဒိုတို့ကိုသာ ဦးစားပေးအသုံးပြုနေခဲ့ပြီး မန်ဇူကစ်ကို ချန်ပီယံလိဂ်လူစာရင်းကနေလည်း ချန်လှပ်ထားခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ခံနေရတဲ့ မန်ဇူကစ်ကလည်း ဆာရီရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဘိုလော့ဂ်နာနဲ့ ကစားရမယ့်ပွဲမတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆာရီက "မန်ဇူကစ်က ကျွန်တော်တို့နဲ့ လေ့ကျင့်ခန်းမဆင်းတော့ပါဘူး၊ ကလပ်အသင်းနဲ့ သဘောတူညီမှုရထားခဲ့တာပါ၊ တကယ်လို့ သဘောတူညီမှုက ပြောင်းလဲလာခဲ့မယ်ဆိုရင်လည်း ကျွန်တော်ကတော့ အရာရာတိုင်းအတွက် တံခါးဖွင့်ပေးထားပါတယ်" လို့ ပြောခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်ဇူကစ်အနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာပဲ အသင်းကနေထွက်ခွာဖွယ်ရှိနေပါတယ်။ အက်သလက်တီကိုမက်ဒရစ်၊ ဘိုင်ယန်မြူးနစ်တို့မှာလည်း ကစားခဲ့ဖူးတဲ့ ခရိုအေးရှားတိုက်စစ်မှူးရဲ့ အတွေ့အကြုံပိုင်းရင့်ကျက်မှုအပေါ်မှာ ဆိုးလ်ရှားက သဘောကျနေပြီး အသင်းတိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ခေါ်ယူချင်နေတာဖြစ်ပါတယ်။



က္က