ဂွါဒီယိုလာနဲ့ ကာတာလန်သမ္မတဟောင်းအာသာမက်စ်တို့ဟာ အရင်းနှီးဆုံးဆက်ဆံမှုရှိသူတွေပါ။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာ စပိန်နိုင်ငံရေးသမားအချို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူလည်းဖြစ်ပါတယ်။

ကာတာလန်ခွဲထွက်ရေးနိုင်ငံသမားအများစုအနေနဲ့ စပိန်နိုင်ငံကနေ အပြီးသတ်ခွဲထွက်နိုင်ခဲ့ပါက ဆန္ဒပြလှုပ်ရှား မှုများကို လက်တွဲပူးပေါင်းခဲ့ဖူးတဲ့ မန်စီးတီးနည်းပြဂွါဒီယိုလာကို နိုင်ငံသစ်ရဲ့ ပထမဦးဆုံးသမ္မတအဖြစ် လျာထား မှုတွေရှိနေတယ်လို့ Marca.com ရဲ့ဖော်ပြချက်အရ သိရပါတယ်။

စပိန်နိုင်ငံသားတစ်ဦးအဖြစ်ရှိနေဆဲဖြစ်တဲ့ မန်စီးတီးနည်းပြဂွါဒီယိုယာဟာ အချိန်အတိုင်းအတာတစ်ခုအထိရော က်ရှိလာခဲ့ပြီဖြစ်တဲ့ ကာတာလန်ခွဲထွက်ရေးလှုပ်ရှားမှုတွေကို ထောက်ခံသူဖြစ်ပြီး စပိန်နိုင်ငံရေးသမားအချို့နဲ့လ ည်း ရင်းနှီးသူတစ်ဦးဖြစ်ပါတယ်။



လက်ရှိမှာ စပိန်အစိုးရအာဏာပိုင်များအနေနဲ့ ကာတာလန်ခွဲထွက်ရေးတက်ကြွလှုပ်ရှားသူ ခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သော်လည်း ဒေသတွင်း ဆန္ဒပြမှုများရှိနေခဲ့ပြီး လူထုအုံကြွမှုပုံစံဖြစ်လာနိုင်ချေရှိ တဲ့အတွက် ဘာစီလိုနာ- ရီးရဲလ်တို့ရဲ့ အယ်လ်ကလက်ဆီကိုဒါဘီပွဲစဉ်ကိုတောင် ရွှေ့ဆိုင်းရတဲ့အထိဖြစ်နေခဲ့ တာပါ။

ကာတာလန်ဒေသအစိုးရရဲ့ ၁၂၉ ဦးမြောက်သမ္မတအဖြစ်တာဝန်ယူခဲ့ဖူးတဲ့ အာသာမက်စ်အနေနဲ့ အစိုးရသစ် အဖွဲ့ဖြစ်ပေါ်လာခဲ့ပါက မန်စီးတီးနည်းပြဂွါဒီယိုလာကို သမ္မတအဖြစ်ခန့်အပ်တာဝန်ပေးရန် ကာတာလန်ဒီမိုကရစ် တစ်ပါတီတစ်ဖွဲ့လုံးက သဘောတူညီမှုှရှိနေတယ်လို့လည်း သိရပါတယ်။

စပိန်နိုင်ငံအစိုးရလက်အောက်မှာရှိနေဆဲဖြစ်သော်လည်း ကာတာလန်ဒေသမှာ သီးသန့်အစိုးရအဖွဲ့နဲ့အတူ အု ပ်ချုပ်ရေးဆိုင်ရာတာဝန်ခံများ ခန့်အပ်ထားတာဖြစ်ပြီး နိုင်ငံသစ်ထူထောင်ဖြစ်ခဲ့ပါက ပထမဦးဆုံးသောတရားဝင် အစိုးရသစ်ဖွဲ့စည်းဖို့ ရှိနေခဲ့တာပါ။



က္က