၂၇နှစ်ပြည့်‌မွေး‌နေ့အလှူ ဖြစ်ပါတယ်။
Kyaw Ko Ko Sint

ပေါင် ၂၇၀၀၀ စတင်ရခဲ့တာနဲ့ နှစ်ဆဖြစ်ဖို့ စိုက်ထုတ်သွားမယ်လို့လည်း ပေါ့ဂ်ဘာက ထုတ်ဖော်ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ ပေါလ်ပေါ့ဂ်ဘာကတော့ သူ့ရဲ့ ၂၆နှစ်ပြည့်မွေးနေ့ကို ကုသိုလ်တွေနဲ့ အတူ ဖြတ်သန်းနိုင်ခဲ့ပါပြီ။

အကြောင်းကတော့ ပေါ့ဂ်ဘာအနေနဲ့ ကမ္ဘာအဝန်းဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ ကလေးတွေအတွက် အဓိက ရည်ရွယ်ချက်ပြီး ရန်ပုံငွေအသင်း တစ်သင်း တည်ထောင်လိုက်တာပဲဖြစ်ပါတယ်။

ပေါ့ဂ်ဘာက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၂၇နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပြီး မွေးနေ့မှာပဲ ကလေးငယ်တွေအတွက် ရန်ပုံငွေ အသင်းကို တည်တည်ခဲ့တာပါ။

သူ့ရဲ့ ရန်ပုံငွေအသင်းအနေနဲ့ ပေါင် ၂၇၀၀၀ စတင်ရရှိခဲ့မယ်ဆိုရင် နှစ်ဆ ထိ တိုးမြှင့်ပေးသွားမယ်လို့လည်း ပေါ့ဂ် ဘာက ဆိုခဲ့ပါတယ်။

“အခု ဖြစ်ပွားနေတဲ့ ရောဂါက ပြင်းထန်ပြီး အထူးသဖြင့် ဆင်းရဲနွမ်းပါးပြီး ထိခိုက်လွယ်တဲ့ ကလေးငယ်တွေ အပေါ် ပိုမို အကျိုးသက်ရောက်စေပါတယ်။ကျွန်တော့်ရဲ့ မွေးနေ့မှာ ကျွန်တော့်မိသားစုနဲ့ သူငယ်ချင်းတွေ ကျန်းမာနေလို့ ပျော်ရွှင်ရပါတယ်၊ဒါပေမယ့် အကုန်လုံးတော့ ကျန်းမာရေးကောင်းမနေကြပါဘူး။ဒါကြောင့် ကျွန်တော်တို့ အတူတူ ရှိနေဖို့ လိုပါပြီ။

ပေါ့ဂ်ဘာကတော့ မနှစ်က သူ့ရဲ့ ၂၆ နှစ်ပြည့် မွေးနေ့တုန်းကလည်း အလှူအတန်း တစ်ခု လုပ်ခဲ့ပြီး ပေါင် ၇၃၆၀ကို ရေသန့်စင်ရေးပရဟိတအသင်းတစ်သင်းကို လှူဒါန်းခဲ့တာပါ။


ဆက်စပ်အကြောင်းအရာများ


က္က