လာမယ့်အပြောင်းအရွှေ့မှာ တရားဝင်ဆွေးနွေးဖို့ရှိနေခဲ့တာပါ။

ဥရောပထိပ်တန်းတိုက်စစ်မှူးအနေနဲ့ ကစားသမားဘဝရဲ့နောက်ဆုံးအချိန်တွေကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ ဝန်ခံထားသူပါ။

ဂျူဗင်တပ်တိုက်စစ်မှူးဟီဂူအင်အနေနဲ့ ကစားသမားဘဝနောက်ဆုံးအချိန်အတွက် စတင်ပြင်ဆင်နေပြီဖြစ်ကြော င်း၊ မွေးရပ်မြေအာဂျင်တီးနားကလပ်အသင်းတစ်သင်းသင်းမှာအဆုံးသတ်လိုကြောင်းထုတ်ဖော်ပြောဆိုခဲ့ပြီးနော က် ရေဗားပလိတ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ football italia က ဖော်ပြလာပါတယ်။

ဥရောပထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ရီးရဲလ်၊ နာပိုလီ၊ ဂျူဗင်တပ်၊ အေစီမီလန်၊ချဲလ်ဆီးအသင်းတို့နဲ့အတူအော င်မြင်မှုများစွာရရှိခဲ့ဖူူးသူကို ခေါ်ယူလိုတဲ့ ဥရောပအသင်းအချို့ရှိနေပေမယ့်ရေဗားပလိတ်အသင်းကတရားဝင်က မ်းလှမ်းဖို့ စတင်ပြင်နေခဲ့တာပါ။



အသက် ၃၂နှစ်အရွယ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာ ရေးဗားပလိတ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ကစား သမားတစ်ဦးဖြစ်ပြီး လက်ရွေးစင်အသင်းဖော်တစ်ဦးဖြစ်တဲ့ တီဗက်ဇ်လို မွေးရပ်မြေကလပ်အသင်းအတွက်ပြန် လည်ပေးဆပ်ကစားလိုနေသူလည်းဖြစ်ပါတယ်။

သတင်းဖော်ပြမှုတွေအရ ရေဗားပလိတ်အသင်းအနေနဲ့ အသင်းကနေထွက်ပေါ်လာတဲ့ ကမ္ဘာကျော်ကစားသမား တစ်ဦးကို ပရိသတ်တွေဆီပြန်လည်ခေါ်ဆောင်လိုနေခဲ့တာဖြစ်ပြီး လာမယ့်အပြောင်းအရွှေ့ကာလအတွင်းညှိနှို င်းမှုတွေစတင်ပြုလုပ်ဖို့ရှိနေတယ်လို့လည်း သိရပါတယ်။

အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးအတည်ပြုခြင်းမရှိသေးပေမယ့် ဂျူဗင်တပ်အသင်းကတော့ ရေဗားပလိတ်လူငယ် တိုက်စစ်မှူးဂျူလီယန်အယ်လ်ဗာရက်ဇ်ကို ခေါ်ယူနိုင်ဖို့အတွက် အပြောင်းအရွှေ့တစိတ်တဒေသအဖြစ် ဟီဂူအ င်ကို အသုံးပြုနိုင်ဖွယ်ရှိနေတယ်လို့လည်း Tuttosport က ဖော်ပြထားပြန်ပါတယ်။



က္က