ဘီနာတီယာကတော့ ရော်နယ်ဒိုကို လူထူးဆန်းလို့ ထင်သွားခဲ့ပါတယ်။
Pyae Phyo Thein

ရီးရဲလ်မက်ဒရစ်မှာလည်း ရော်နယ်ဒိုက သူ့ရဲ့ပုံစံကို မပြောင်းလဲခဲ့ဘဲ နေ့တစ်နေ့ရဲ့ အချိန်တော်တော်များများကို လေ့ကျင့်ခန်းပြုလုပ်ပြီး ကုန်ဆုံးစေခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ နောက်ခံလူဘီနာတီယာက အသင်းဖော်ဟောင်းရော်နယ်ဒိုဟာ သူ့ကို ည ၁၁ နာရီထိုးနေချိန်မှာ လေ့ကျင့်ခန်းအတူလာဆင်းဖို့အတွက် ဖိတ်ခေါ်ခဲ့တာကို ပြန်လည်ဖွင့်ဟသွားခဲ့ပါတယ်။ ကစားသမားဘဝမှာ တခြားသူတွေထက် ပိုမိုအားထုတ်မှုတွေပြုလုပ််လေ့ရှိသူလို့ လူသိများတဲ့ ရော်နယ်ဒိုရဲ့စရိုက်ကို အသင်းဖော်ဟောင်းက ထပ်မံဖွင့်ချလိုက်တာလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ယူနိုက်တက်ကစားသမားဘဝမှာလည်း အသင်းဖော်တွေထက် ပိုမိုကြိုးစားအားထုတ်ခဲ့တယ်လို့ ယူနိုက်တက်ကစားသမားဟောင်းတွေရဲ့ ပြောဆိုမှုတွေအရ သိခဲ့ရပြီးဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်မှာလည်း ရော်နယ်ဒိုက သူ့ရဲ့ပုံစံကို မပြောင်းလဲခဲ့ဘဲ နေ့တစ်နေ့ရဲ့ အချိန်တော်တော်များများကို လေ့ကျင့်ခန်းပြုလုပ်ပြီး ကုန်ဆုံးစေခဲ့ပါတယ်။ 

စပိန်သတင်းစာ AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာ ဘီနာတီယာက "အတ္တလန္တာနဲ့ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့က ကစားသမားတစ်ဦးပဲ လဲလှယ်အသုံးပြုခဲ့ပါတယ်၊ ဘာလို့လဲဆိုတော့ နောက်သုံးရက်နေရင် နောက်တစ်ပွဲကစားရမှာဖြစ်ပြီး နည်းပြက အလှည့်ကျအသုံးပြုချင်နေခဲ့လို့ပါ၊ ကျွန်တော်တို့ ဘာဂါမိုကနေ ပြန်လာနေချိန်မှာ ရော်နယ်ဒိုဆီက မက်ဆေ့ချ်ရောက်လာခဲ့ပါတယ်"

"အခု ဘယ်သွားပြီးတော့ ဘာလုပ်ဖို့ရှိလဲတဲ့၊ ကျွန်တော်ကလညး အခု ည ၁၁ နာရီဖြစ်နေပြီး ငါ့အိမ်ပြန်နေတာ၊ ဘာဖြစ်လို့လဲပေါ့လို့ ပြန်မေးလိုက်တော့ မင်း အားကစားခန်းမထဲမှာ လေ့ကျင့်ခန်းနည်းနည်းလောက် မလုပ်ချင်ဘူးလား၊ ငါချွေးမထွက်သေးလို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုနေသေးတယ်၊ လာမလားလို့ သူက ပြန်မေးခဲ့တယ်"

"ကျွန်တော်ကတော့ မလာတော့ဘူး၊ အိမ်ပြန်ပြီး တီဗီကြည့်ချင်တယ်လို့ပဲ ပြန်ပြောခဲ့လိုက်ပါတယ်၊ အဲဒီတုန်းက ကျွန်တော်တွေးလိုက်မိတာက ခရစ္စတီယာနိုက သာမာန်လူတော့မဟုတ်ဘူးဆိုတာပဲ၊ သူနဲ့အတူအလုပ်လုပ်ချိန်မှာ သူ့ကိုပိုပြီးတော့ လေးစားလာလိမ့်မယ်၊ ဘာလို့လဲဆိုရင် သူ့ဘဝတစ်ခုလုံးကို ဘောလုံးအပေါ်မှာ နှစ်မြုပ်ထားလို့ပဲ" လို့ ကာတာကလပ်အယ်လ်ဒူဟေးအသင်းမှာ ကစားနေတဲ့ ဘီိနာတီယာက ပြန်ပြောပြခဲ့ပါတယ်။ 


က္က