၁၁၁ ဂိုးနဲ့ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ ပွဲပြီးခါနီးချေပဂိုး၊ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေကြောင့် အိမ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပြီး ပင်နယ်တီလွဲချော်ထားခဲ့တဲ့ ရော်နယ်ဒိုက သူ့ရဲ့အမှားအတွက် အသင်းကို ပြန်လည်ပြီးကယ်တင်ပေးနိုင်ခဲ့ပါတယ်။ 


မနေ့ညက ကစားခဲ့တဲ့ ဥရောပဇုန်၊ ကမ္ဘာဖလားခြေစစ်ပွဲပထမအဆင့်အုပ်စုပွဲစဉ်မှာတော့ ပေါ်တူဂီက အိုင်ယာလန်ကို ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပေါ်တူဂီအနေနဲ့ ရော်နယ်ဒိုရဲ့ ပွဲပြီးခါနီးချေပဂိုး၊ နာကျင်အချိန်ပိုမှာ သွင်းယူခဲ့တဲ့ အနိုင်ဂိုးတွေကြောင့် အိမ်ကွင်းမှာ အနိုင်ရခဲ့တာဖြစ်ပြီး ပင်နယ်တီလွဲချော်ထားခဲ့တဲ့ ရော်နယ်ဒိုက သူ့ရဲ့အမှားအတွက် အသင်းကို ပြန်လည်ပြီးကယ်တင်ပေးနိုင်ခဲ့ပါတယ်။ 

ဒီသွင်းဂိုးနှစ်ဂိုးကြောင့်လည်း ရော်နယ်ဒိုဟာ အလီဒါယေးရဲ့ နိုင်ငံတကာသွင်းဂိုးအများဆုံးစံချိန်ကို ၂ ဂိုးအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ၁၀၉ ဂိုးချင်းတူညီစွာ ထိပ်ဆုံးမှာရပ်တည်နေရာကနေ ရော်နယ်ဒိုက ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်လို့ လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်နိုင်ပြီဖြစ်ကာ ကစားသမားဘဝမှာ အထူးခြားဆုံးစံချိန်မှတ်တမ်းနဲ့ သူ့ရဲ့ဆန္ဒကိုပါ ဖြည့်ဆည်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ 

ပွဲကစားချိန် ၁၅ မိနစ်မှာ ပေါ်တူဂီတို့ ပင်နယ်တီရရှိခဲ့ပေမယ့် ရော်နယ်ဒိုကန်သွင်းယူခဲ့ရာမှာတော့ လွဲချော်ခဲ့ရပါတယ်။ ဒီမတိုင်ခင် အိုင်ယာလန်ကစားသမားအိုရှေးက အနှောင့်အယှက်ပေးခဲ့လို့ ရော်နယ်ဒိုက ဖြတ်ရိုက်ခဲ့ပြီး ပြသနာတက်ခဲ့ပါသေးတယ်။ ပင်နယ်တီမဝင်ခဲ့ဘဲရှိခဲ့ပြီးနောက် ၄၅ မိနစ်မှာ အိုင်ယာလန်က ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ၈၉ မိနစ်မှာမှ ရော်နယ်ဒိုက ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ 

နာကျင်အချိန်ပိုမှာ အသင်းအနိုင်ရရှိစေမယ့်ဂိုးကို ရော်နယ်ဒိုက ခေါင်းတိုက်သွင်းယူပြီး ရယူပေးခဲ့ပါတယ်။ သမိုင်းဝင်စံချိ်န်ကို ရယူနိုင်ခဲ့လို့ ရော်နယ်ဒိုအတွက် ကျေနပ်စရာဖြစ်ခဲ့သလို အနိုင်ဂိုးသွင်းယူအပြီးမှာလည်း ဂျာစီချွတ်ကာ အားပါးတရအောင်ပွဲခံခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်ကို ပြောင်းရွှေ့တော့မယ့် ရော်နယ်ဒိုရဲ့ ခြေစွမ်းကတော့ ယူနိုက်တက်ပရိသတ်တွေကို တော်တော်လေးကျေနပ်နေစေမှာလည်းဖြစ်ပါတယ်။ 



က္က