အဲလက်စ်တဲလက်စ်က ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ယနေ့နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပေါ်တိုအသင်းနဲ့ ရိုးမားအသင်းတို့ရဲ့ပွဲစဉ်မှာ ပေါ်တိုအသင်းက ရိုးမားအသင်းကို အချိန်ပိုဒုတိယပိုင်းမှာ ရရှိခဲ့တဲ့ ပင်နယ်တီကြောင့် ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင်ပေါ်တိုအသင်းက ရိုးမားအသင်းကို ဖိအားပေးတိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး ၂၆ တီကွင်ဟိုက မာရီဂါရဲ့ပေးပို့မှုကနေတဆင့် ပေါ်တိုအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။



၃၇ မိနစ်မှာ ရိုးမားအသင်းက ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဒီရော့ဆီက ရိုးမားအသင်းအတွက် ချေပဂိုးကို အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့ပါတယ်။ ပထမပိုင်းပြီးဆုံးခါနီး ၄၅ မိနစ်မှာ ဟာရဲရားရဲ့ကန်သွင်းချက်ကို ဂိုးသမား ရော်ဘင်အိုဆင်က လက်စွမ်းပြကာကွယ်နိုင်ခဲ့တာကြောင့် ရိုးမားအသင်း ဦးဆောင်ဂိုး ခွင့်မပြုခဲ့ရတာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း အိမ်ရှင် ပေါ်တိုအသင်းကပဲ ရိုးမားအသင်းဂိုးပေါက်ကို တရစပ်ကန်သွင်းပြီး ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ၅၂ မိနစ်မှာ ကိုရိုနာရဲ့ပေးပို့မှုကနေတဆင့် မာရီဂါက အပိုင်ပိတ်သွင်းယူပြီး ပေါ်တိုအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။

ဒုတိယပိုင်းပြီးဆုံးချိန်အထိ ၂ သင်းစလုံး နောက်ထပ်သွင်းဂိုး ထပ်မံမသွင်းယူနိုင်ခဲ့ဘဲ ၂ ကျော့ပေါင်း တစ်ဖက် ၃ ဂိုးစီ ညီမျှနေခဲ့တာကြောင့် အချိန်ပို ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ ၁၁၆ မိနစ်မှာ ဖလိုရန်ဇီက ဖာနန်ဒိုကို နောက်ကနေ ဆွဲထားခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပေါ်တိုအသင်းကို ပင်နယ်တီကန်ခွင့်ပေးခဲ့ပါတယ်။

ပင်နယ်တီပြစ်ဒဏ်ဘောကို အဲလက်စ်တဲလက်စ်က အဆုံးသတ်ပေးခဲ့ပြီး ပေါ်တိုအသင်းဟာ ၂ ကျော့ပေါင်း ၄ ဂိုး ၃ ဂိုးနဲ့ ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပေါ်တိုအသင်းဟာ ယနေ့ပွဲစဉ်မှာ ဂိုးပေါက်ကန်သွင်းမှု ၂၈ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက် ၈ ကြိမ်တည့်ရာမှာ ၃ ဂိုး ရရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က