အုပ်စုနောက်ဆုံးပွဲအဖြစ် ကာတာနဲ့ ကစားရပါမယ်။
Kyaw Ko Ko Sint

ဂျပန်အသင်းက ၂၀၁၆ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့အထိ အခုပြိုင်ပွဲမှာ အောင်မြင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၂ ပွဲ ကစား ၂ ပွဲစလုံး အရေးနိမ့်ပြီး အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၂၀ အာရှယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အုပ်စု(ခ)မှာတော့ နာမည်ကြီး ဂျပန်အသင်းတို့ ၂ ပွဲကစား ၂ ပွဲစလုံးရှုံးပြီး အုပ်စုက ပြုတ်ခဲ့ပြီလို့ သိရပါတယ်။



ဆီးရီးယား၊ဆော်ဒီအာရေဗျနဲ့ကာတာအသင်းတို့ ပါဝင်တဲ့အုပ်စုမှာ ဂျပန်အသင်းအနေနဲ့ ဆော်ဒီကို ၂-၁၊ဆီးရီးယား ကို ၂-၁ နဲ့ ၂ ပွဲဆက် ရှုံးနိမ့်ခဲ့တာပါ။

ဂျပန်အသင်းအနေနဲ့ ၂၀၁၆ အာရှယူ-၂၃ ပြိုင်ပွဲတုန်းက တောင်ကိုရီးယားကို ၃-၂ ဂိုးနဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ချန်ပီယံ တစ်ကြိမ် ဖြစ်ထားဖူးပါတယ်။

အဲ့နောက် ၂၀၁၃ နဲ့ ၂၀၁၈ ပြိုင်ပွဲတွေမှာတော့ အုပ်စု အဆင့်တွေကနေ တောက်လျှောက် တက်လှမ်းနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အုပ်စုကနေ ပထမဆုံး ထွက်ခဲ့ရတာပါ။

ဂျပန်အသင်းအနေနဲ့ သိက္ခာဆယ် နိုင်ပွဲအတွက် ကာတာအသင်းနဲ့ အုပ်စုနောက်ဆုံးပွဲ ကစားဖို့ ကျန်နေသေးပြီး အနိုင်ရပါက အဆင့် ၃ နေရာမှာ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

လက်ရှိ ချန်ပီယံ ဥဇဘတ်ကစ္စတန်အသင်းကတော့ အုပ်စု(ဂ)မှာ ရမှတ် ၄ မှတ်ရရှိထားပေမယ့် အုပ်စုနောက်ဆုံး ထိ ကစားပြီးမှ နောက်တစ်ဆင့် တက်မတက် သိနိုင်မှာပါ။

အုပ်စုပွဲ ၂ ပွဲကစားအပြီးမှာတော့ ‌နောက်တစ်ဆင့်ကို သေချာပေါက် တက်လှမ်းသွားတဲ့ အသင်းက တောင်ကိုရီးယား အသင်းတစ်သင်းတည်းသာ ရှိပါသေးတယ်။

အခု ကျင်းပနေတဲ့ အာရှ ယူ-၂၃ ပြိုင်ပွဲကတော့ ၂၀၁၃ ခုနှစ်က စတင်ကျင်းပလာတဲ့ ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကျင်းပ ထားရာ ၃ ကြိမ်မှာတော့ မတူညီတဲ့ အသင်း ၃သင်းက ချန်ပီယံ ဖြစ်ထားပါတယ်။

၂၀၁၃ မှာ အီရတ်၊၂၀၁၆ မှာ ဂျပန်နဲ့ ၂၀၁၈ မှာဥဇဘတ်ကစ္စတန်အသင်းတို့က ချန်ပီယံ တစ်ကြိမ်စီ ရရှိထားကြ တာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က