သွင်းဂိုးပါဝင်ပတ်သက်မှုမှာ ကောင်းမွန်နေတာပါ။
Pyae Phyo Thein

နည်းပြဖာဗရီရဲ့ ၃-၄-၃ ကစားကွက်မှာ ဟာကီမီက အဓိကကစားသမားအဖြစ်ပါဝင်နေပြီး ညာခြမ်းမှာ Wing-back အဖြစ် ကစားပေးနေတာဖြစ်ပါတယ်။ 


ဒေါ့မွန်အသင်းမှာ အငှားနဲ့ကစားနေတဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူဟာကီမီရဲ့ ဒီရာသီစွမ်းဆောင်ရည်ဟာ အခြားသောနာမည်ကျော် နောက်ခံအစွန်လူတွေထက် ပိုမိုသာလွန်နေတယ်လို့ Marca က အချက်အလက်တွေနဲ့ ဖော်ပြသွားခဲ့ပါတယ်။ နည်းပြဖာဗရီရဲ့ ၃-၄-၃ ကစားကွက်မှာ ဟာကီမီက အဓိကကစားသမားအဖြစ်ပါဝင်နေပြီး ညာခြမ်းမှာ Wing-back အဖြစ် ကစားပေးနေတာဖြစ်ပါတယ်။ 

အသက် ၂၁နှစ်အရွယ် မော်ရိုကိုနောက်ခံလူဟာ ဒီရာသီမှာ သွင်းဂိုးပေါင်း ၁၉ ဂိုးကို တိုက်ရိုက်ပါဝင်ပတ်သက်နိုင်ခဲ့ပြီး ၉ ဂိုးသွင်းယူကာ ၁ဝကြိမ်ဖန်တီးပေးထားခဲ့ပါတယ်။ ဒါဟာ ချန်ပီယံလိဂ် နဲ့ ဘွန်ဒက်လီဂါပြိုင်ပွဲနှစ်ခုမှာ စွမ်းဆောင်ပေးထားခဲ့တာဖြစ်ပြီးတော့ အခြားသော နောက်ခံကစားသမားတွေနဲ့ နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်တဲ့ ခြေစွမ်းမျိုးဆိုတာ သိသာပေါ်လွင်နေခဲ့ပါတယ်။ 

ဒီစွမ်းဆောင်ရည်မှတ်တမ်းဟာ ၂၀၀၉-၁၀ ဘောလုံးရာသီက မော်ရင်ဟိုရဲ့ လက်အောက်မှာကစားခဲ့တဲ့ အင်တာနောက်ခံလူမိုင်ကွန်ရဲ့ မှတ်တမ်းနဲ့ တူညီနေခဲ့ပြီး ၂၀၀၉-၁၀ ဘောလုံးရာသီမှာ ဘာစီလိုနာအတွက် ဒန်နီအဲဗက်စ်စွမ်းဆောင်ခဲ့မှုထက် သွင်းဂိုးတစ်ဂိုးတည်းသာ လျော့နည်းနေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 

၂၀၁၇-၁၈ မှာ ကင်မစ်ချ်က ၁၈ ဂိုး၊ ယော်ဒီအယ်လ်ဘာက ၁၆ ဂိုး၊ အာနိုးလ်က ၁၆ ဂိုး၊ ၂၀၁၂-၁၃ မှာ ဖိလစ်လမ်းက ၁၅ ဂိုး၊ ၂၀၁၆-၁၇ မှာ မာဆယ်လိုက ၁၄ ဂိုး နဲ့ ကာဗာဂျယ်တို့က ၁၀ ဂိုးစီ ပါဝင်ပတ်သက်မှုတွေရှိခဲ့ပြီး ဟာကီမီက အဆိုပါကစားသမားတွေ တစ်ရာသီအတွင်း စွမ်းဆောင်နို်င်တာထက် ပိုမိုသာလွန်နေခဲ့တယ်လို့ Opta Sports က ထုတ်နုတ်ဖော်ပြခဲ့ပါတယ်။ 

ဟာကီမီကို လာမယ့်ဘောလုံးရာသီမှာ အသင်းကိုပြန်လည်ခေါ်ယူသွားဖို့ ရီးရဲလ်မက်ဒရစ်က ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကတော့ သူ့အတွက် ပုံမှန်ကစားခွင့်ရရှိမယ့် အသင်းမှာသာ ကစားသွားချင်တယ်လို့ ဖွင့်ဟထားတာကြောင့် ရီးရဲလ်မှာ ကာဗာဂျယ်နဲ့ နေရာလုရဖွယ်ရှိပြီး ဇီဒန်းက ကာဗာဂျယ်ကိုသာ ပိုမိုဦးစားပေးပါက ဟာကီမီက အသင်းပြောင်းရွှေ့မယ်လို့ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ 


Author


က္က