ဒီည ၁နာရီခွဲမှာ ကစားပါမယ်။

ဒီည ၁နာရီခွဲမှာ ကစားမှာ ဖြစ်ပြီး အူနိုင်းက နာပိုလီကို အဝေးဂိုး ခွင့်မပြုရရေး အဓိက ဦးစားပေး ကစားမယ်လို့ ပြောသွားပါတယ်။

ဒီကနေ့ညမှာ ကစားမယ့် နာပိုလီအသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး အူဘာမီယန်း ပြန်လည်ပွဲထွက် ပါဝင်လာမယ်လို့ BBC SPORT သတင်းဌာနက ဖော်ပြလာပါတယ်။



အဖျားဝေဒနာခံစားခဲ့ရတာကြောင့် အာဆင်နယ်အသင်းရဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ လူစားဝင်ကစားသမား အဖြစ်သာ ပါဝင်စားနိုင်ခဲ့တာပါ။

“ သူအခု အကောင်းဆုံး ပြန်ဖြစ်နေပါပြီ၊သူ ဒီနေ့ပွဲမှာလည်း ပြန်လည် ပွဲထွက်လာနိုင်ပါလိမ့်မယ်။” လို့ အာဆင်နယ် နည်းပြ အူနိုင်းအမ်မရီက ပွဲကြို သတင်းစာရှင်းလင်းပွဲမှာပြောခဲ့တယ်လို့ BBC SPROT ကဖော်ပြလာပါတယ်။

အသက် ၂၉ နှစ်အရွယ် အူဘာမီယန်းအနေနဲ့ အာဆင်နယ်အသင်းအတွက် ဒီရာသီ ၂၂ ဂိုးအထိ သွင်းယူပေး ထားပြီး အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင်တစ်ဦးပါ။

“ သာမာန် အဖျားဝေဒနာကြောင့် သူအနည်းငယ် ပြသနာ ရှိခဲ့တာပါ၊အခုတော့ ကောင်းသွားပါပြီ၊ ရှေ့ပွဲ ၂ ပွဲမှာ အူဘာမီယန်းကို ဘာလို့ ပွဲမထုတ်ခဲ့ရတာလဲရဲ့ အဖြေလည်း ဖြစ်တယ်။” လို့ အူနိုင်းက ရှင်းသွားပါတယ်။

တဆက်တည်းမှာပဲ နည်းပြ အူနိုင်းက အသင်းမှာ ဒဏ်ရာရနေတဲ့ အသင်းခေါင်းဆောင် ကိုစီရယ်နီ၊ဇာခါတို့ရဲ့ ဒဏ်ရာအခြေအနေကိုလည်း ဒီမနက်မှာ စောင့်ကြည့်နေတယ်လို့ ဆိုခဲ့ပါသေးတယ်။

ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့အသင်းလေ့ကျင့်ရေးမှာတော့ ကိုစီရယ်နီနဲ့ဇာခါတို့ နှစ်ဦးစလုံး အတူတကွ ပါဝင်ပြုလုပ် နိုင်ခဲ့ပေမယ့် နိုင်ငံတကာပွဲပြီးကတည်းက အသင်းအတွက် ကစားပေးနိုင်ခြင်း မရှိသေးတာပါ။

အူနိုင်းက ဒီညမှာ ကစားမယ့် နာပိုလီနဲ့ပွဲမှာ အနိုင်ရဖို့ အရေးကြီးကြောင်းနဲ့ ပြိုင်ဖက်ကို အဝေးဂိုး ခွင့်မပြုရေး အကောင်းဆုံး ကစားသွားမယ်လို့လည်း ဆိုခဲ့ပါသေးတယ်။

အာဆင်နယ်နဲ့ နာပိုလီတို့ကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ပထမအေကျာ့အဖြစ် အာဆင်နယ်အသင်းရဲ့ အိမ်ကွင်း အီးမရိတ်ကွင်းကြီးထဲမှာ မြန်မာစံတော်ချိန် ည ၁ နာရီခွဲမှာ ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က