loading...

loading...

loading...

ပွဲချိန် ၃၄ မိနစ်မှာ ဒဏ်ရာရရှိခဲ့တာပါ။
Kyaw Ko Ko Sint

တံကောက်ကြောဒဏ်ရာရသွားတာလို့ နည်းပြ အူနိုင်းကိုယ်တိုင်က ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောသွားပြီး ရာသီကုန်အထိ အနားမယူရစေဖို့ ကြိုးပမ်း ကုသသွားရတော့မှာ ဖြစ်ပါတယ်။

နာပိုလီကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ဒု-ကျော့မှာ တံကောက်ကြော ဒဏ်ရာရသွားတဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးအတွက် အဆိုပါ ပွဲစဉ်က ဒီရာသီ အာဆင်နယ်နဲ့အတူ ပါဝင်ကစားခွင့်ရတဲ့ နောက်ဆုံးပွဲဖြစ်လာတော့မလားလို့ Daily Mail သတင်းဌာနက ဖော်ပြပါတယ်။

နည်းပြ အူနိုင်းကိုယ်တိုင်ကလည်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ရမ်ဆေးအနေနဲ့ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး ရာသီမကုန်ခင် ပြန်ကောင်းလာနိုင်မလားဆိုတာကိုတော့ မသိရသေးဘူးလို့ ပြောခဲ့ပါတယ်။

“သေချာတော့ မသိပါဘူး၊ ဒါက ကြွက်သား ဒဏ်ရာပါ၊ ပုံမှန်အားဖြင့်တော့ ရက်သတ္တပတ်အနည်းငယ်တော့ အနားယူဖို့ လိုမှာပါ။” လို့ အူနိုင်းက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

ရမ်ဆေးက အလုပ်အရမ်းကြိုးစားတာကြောင့် ဒဏ်ရာရသွားတဲ့အပေါ်မှာတော့ အူနိုင်းက ကြောက်စရာပဲလို့ သုံးသပ်ခဲ့ပါတယ်။ သို့သော် ရမ်ဆေး ဒဏ်ရာရသွားမှုက သူ့နေရာ အစားထိုးမယ့် ကစားသမားအတွက်တော့ အခွင့် အရေးတစ်ခု ဖြစ်လာခဲ့တယ်လို့လည်း အူနိုင်းက ပြောသွားပါသေးတယ်။ နောက်ဆုံးသတင်းအရ ရမ်ဆေးအနေနဲ့ အဆိုပါ စိတ်ပျက်ဖွယ် တံကောက်ကြော ဒဏ်ရာကို ရာသီကုန်အထိ အနားမယူရအောင် အကောင်းဆုံး ကုသဖို့ လိုနေပြီလို့ ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် ရမ်ဆေးက ရာသီအကုန်မှာ အာဆင်နယ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်း ရွှေ့တော့မှာ ဖြစ်ပြီး အပြီးသတ် အကြို သဘောတူညီမှု ရရှိထားသူ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်ကို ရောက်ရှိသွားပြီ ဖြစ်ပြီး ဗလင်စီယာအသင်းနဲ့တွေ့ ဆုံနေပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က