loading...

loading...

loading...

ပွဲကစားချိန် ဒုတိယပိုင်းမှာ ဖြစ်ပျက်ခဲ့တာပါ။
Pyae Phyo Thein

မွန်ရီယယ်ဟာ အိမ်သာသွားဖို့အတွက်ကို အတားအဆီးတွေကို ခုန်ကျော်ပြီး အပြေးအလွှားသွားခဲ့တာဖြစ်လို့ မအောင့်အီးနိုင်တော့တဲ့ အနေအထားကို ရောက်ခဲ့တယ်လို့ ယူဆရပါတယ်။

မနေ့က ကစားခဲ့တဲ့ ပွဲမှာ အာဆင်နယ်နောက်ခံကစားသမား မွန်ရီယယ်ဟာ ပွဲကစားနေချိန်အတွင်းမှာ အိမ်သာသွားခဲ့တယ်လို့ သိရပါတယ်။ နာပိုလီကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မွန်ရီယယ်က အိမ်သာကို အပြေးအလွှားသွားခဲ့ရတာဖြစ်ပြီးတော့ မွန်ရီယယ်ရဲ့ အဖြစ်အပျက်ကို ပရိသတ်တွေက ဟာသလုပ်ပြောဆိုနေကြပါတယ်။

မွန်ရီယယ်ဟာ အိမ်သာသွားဖို့အတွက်ကို အတားအဆီးတွေကို ခုန်ကျော်ပြီး အပြေးအလွှားသွားခဲ့တာဖြစ်လို့ မအောင့်အီးနိုင်တော့တဲ့ အနေအထားကို ရောက်ခဲ့တယ်လို့ ယူဆရပါတယ်။ မွန်ရီယယ် အိမ်သာကို သွားနေစဉ်အတွင်းမှာ အာဆင်နယ်က (၁၀)ယောက်တည်းနဲ့ ကစားခဲ့ရပြီး မွန်ရီယယ်ကတော့ အလျင်အမြန်ပဲ ကွင်းထဲကို ပြန်ဝင်လာခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တစ်ဦးကတော့ တွစ်တာပေါ်မှာ " မွန်ရီယယ် လက်ဆေးလာဖို့ ကျွန်တော်မျှော်လင့်ပါတယ်" လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။ အခြားခတစ်ဦးကလည်း "မွန်ရီယယ်က ဒုတိယပိုင်းမှာ ကိစ္စက တော်တော်လေး အရေးကြီးနေခဲ့ပုံရပါတယ်" လို့ ရေးသားခဲ့

ါသေးတယ်။ တချို့ပရိသတ်တွေကတော့ မွန်ရီယယ်က ပြိုင်ဘက်ကို မခန့်လေးစားလုပ်ခဲ့တာလို့ ပြောနေခဲ့ကြပါတယ်။

အာဆင်နယ်နည်းပြအမ်မရီကတော့ နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလားကို ဆီဗီလာနဲ့အတူ (၃)ကြိမ်ဆက်တိုက် ရယူနိုင်ခဲ့တဲ့ နည်းပြဖြစ်ပါတယ်။ ယူရိုပါလိဂ်ရဲ့ ချန်ပီယံနည်းပြလို့ တင်စားခံထားရတဲ့ အမ်မရီက အာဆင်နယ်ကိုလည်း ယူရိုပါလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်ကို ပို့ဆောင်ပေးနိုင်ခဲ့ပြီး အသင်းအတွက် ဆုဖလားဆွတ်ခူးပေးဖို့ မျှော်လင့်နိုင်ပြိလည်း ဖြစ်ပါတယ်။

ပထမအကျော့မှာ (၂-ဝ)နဲ့ အိမ်ကွင်းမှာ အနိုင်ရထားတဲ့ အာဆင်နယ်က အဝေးကွင်းမှာလည်း လာကာဇက်ရဲ့ (၃၅)ကိုက်အကွာက ဖရီးကစ်ဂိုးနဲ့ ထပ်မံအနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်မှာတော့ ဗလန်စီယာနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လာမယ့်မေလ (၂)ရက်နေ့မှာ ပထမအကျော့ကို ကစားရမှာလည်း ဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က