ဘွန်ဒက်စ်လီဂါမှာ ၃ ဂိုးထိ ရယူထားပါတယ်။

အိုဆာကိုကတော့ မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပါဝင်ခဲ့ပေမယ့် ဂိုးတော့ မသွင်းနိုင်ခဲ့ပါဘူး။

ဝါဒါဘရီမင်အသင်းရဲ့ တိုက်စစ်မှူး အိုဆာကိုကတော့ သြဂုတ်လအတွက်ပေးအပ်မယ့် ဘွန်ဒက်စ်လီဂါ တစ်လ တာအကောင်းဆုံး ဆုအတွက် ဆန်ခါတင်စာရင်း ရွေးချယ်ခြင်း ခံထားရတယ်လို့ Bundesliga တရားဝင် သတင်း ဝက်ဘ်ဆိုဒ်က ဖော်ပြလာပါတယ်။



အိုဆာကိုအနေနဲ့ ဝါဒါဘရီမင်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသူဖြစ်ပြီး ဂျပန်လက်ရွေးစင်အသင်းအတွက် လည်း အဓိက ကစားပေးနေရသူဖြစ်ပါတယ်။



လက်ရှိ ဘွန်ဒက်စ်လီဂါ ၃ ပွဲ ကစားပြီးချိန်မှာတော့ အသင်းအတွက် ၃ ဂိုးထိသွင်းယူပေးထားနိုင်ပြီ ဖြစ်သလို နောက်ဆုံး ကစားထားတဲ့ အော့စ်ဘတ်နဲ့ပွဲမှာ အသင်းအတွက် ၂ ဂိုးသွင်းယူပြီး ပထမဆုံး ၃ မှတ်ကို စတင်ရှာဖွေပေးထားနိုင်သူပါ။

အိုဆာကိုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနဲ့ ကစားခဲ့တဲ့ ဂျပန်အသင်းရဲ့ လူစာရင်းမှာ တိုက်စစ်မှူးအဖြစ်ပွဲထွက် ပါဝင်လာခဲ့ပေမယ့် အဆိုပါ ပွဲမှာတော့ ဂိုးသွင်းယူနိုင်ခဲ့ ခြင်းမရှိပါဘူး။

အိုဆာကိုနည်းတူ ဆန်ခါတင်စာရင်းပါဝင်နေသူတွေကတော့ ဘိုင်ယန်မြူးနစ်က လီဝန်ဒေါစကီး၊လိုက်ဇက်က ဆာဘစ်ဇာ၊ဒေါ့မွန်က ဆန်ချို၊ ဖရိုင်းဖတ်က ရှမစ်ဒ်၊လိုက်ဇက်က ဝါနာတို့ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က