လက်ရွေးစင်အတွက် ကစားပြီးပြန်လာပါက ကွာရန်တင်းဝင်ရမှာကြောင့်ပါ။
Pyae Phyo Thein

အောက်တိုဘာလ ၈ ရက်နေ့မှာ အီကွေဒေါ၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဘိုလီဗီးယားတို့နဲ့ အာဂျင်တီးနားက ကစားရမှာဖြစ်ပါတယ်။


အာဂျင်တီးနားလက်ရွေးစင်အသင်းအနေနဲ့ နောက်လအတွင်းမှာ မက်ဆီကိုရွေးချယ်ခေါ်ယူခဲ့မယ်ဆိုပါက ဘာစီလိုနာနည်းပြကိုးမန်းအနေနဲ့ အယ်လ်ကလက်စီကိုပွဲအပါအဝင် ၃ပွဲခန့် မက်ဆီကို လက်လွှတ်ရမယ့်အခြေအနေမှာ ရှိနေပြီဖြစ်ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကို အာဂျင်တီးနားက နောက်လအတွင်းကစားရတော့မှာလည်းဖြစ်ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့မှာ အီကွေဒေါ၊ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ဘိုလီဗီးယားတို့နဲ့ အာဂျင်တီးနားက ကစားရမှာဖြစ်ပါတယ်။ စပိန်ရဲ့ လက်ရှိစည်းမျဉ်းဥပဒေတွေအရ တောင်အမေရိကကနေ စပိန်ကို လာရောက်တဲ့ ဘယ်သူမဆို ၁၄ ရက်ကြာ ကွာရန်တင်းဝင်ရမှာဖြစ်ပြီး ဒါဟ မက်ဆီအနေနဲ့ အဆိုပါကာလအတွင်း ကစားမယ့် လာလီဂါပွဲစဉ်တွေကို လွဲချော်ဖို့ရှိနေတာဖြစ်ပါတယ်။ 

ဂီတာဖေး၊ အလာဗက်စ်၊ ရီးရဲလ်မက်ဒရစ်တို့နဲ့ ဘာစီလိုနာက ကစားရမှာဖြစ်ပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်း တောင်အမေရိကဇုန်ခြေစစ်ပွဲတွေအတွက် ဥရောပမှာကစားနေတဲ့ ကစားသမားတွေကို ခေါ်ယူခွင့်ပြုထားခဲ့ပါတယ်။ ဒီအပေါ်မှာ ကလပ်အသင်းတွေက စိုးရိမ်မှုမြင့်တက်နေပြီး သူတို့ရဲ့အဓိကကစားသမားတွေကို လဝက်လောက်ဆုံးရှုံးရမယ့်အရေးနဲ့ ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ 

အာဂျင်တီးနားကလည်း သူတို့ရဲ့အဓိကကစားသမားကို မဖြစ်မနေရွေးချယ်သွားဖို့ ဆုံးဖြတ်ထားပြီး ဒါဟာ ရော်နယ်ကိုးမန်းအတွက် မက်ဆီမရှိချိန်မှာ အသင်းကိုဘယ်လိုကစားစေမလဲဆိုတာ ခေါင်းကိုက်စရာဖြစ်လာဦးမှာ သေချာပါတယ်။ မက်ဆီအနေနဲ့ အသင်းက ထွက်ခွာလုနီးပါးဖြစ်ခဲ့တဲ့အခြေအနေကနေ ဆက်လက်ကစားဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ပေးအပ်ခံထားရသူလည်းဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ


Author


က္က