ဂျူဗီအတွက်တေ့ ထိတ်လန့်စရာသတင်းဖြစ်လာခဲ့ပါတယ်။

အီတလီလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ တွေ့ရှိရတဲ့ ဒုတိယမြောက်ဘောလုံးသမာဖြစ်လာခဲ့ပါတယ်။ 


ဂျူဗင်တပ်စ်အသင်းရဲ့နောက်ခံလူရူဂါနီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ သိရပါတယ်။ ဆေးစစ်မှုတွေပြုလုပ်ခဲ့အပြီးမှာ တွေ့ရှိခဲ့ရတာဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းကလည်း အတည်ပြုသတင်းထုတ်ပြန်သွားခဲ့ပါတယ်။ အီတလီလက်ရွေးစင်ကစားသမားဟာ ဗုဒ္ဓဟူးနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိတယ်လို့ တွေ့ရှိရတဲ့ ဒုတိယမြောက်ဘောလုံးသမာဖြစ်လာခဲ့ပါတယ်။ 



ဟန်နိုဗာအသင်းနောက်ခံလူတီမိုဟက်ဘာစ်ကလည်းပဲ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ မနေ့ကပဲ တွေ့ရှိခဲ့ရပါတယ်။ လက်ရှိမှာ အီတလီစီးရီးအေပွဲစဉ်တွေကို ရပ်ဆိုင်းထားပြီးတော့ ဥရောပပွဲစဉ်တွေကိုတော့ ကွင်းပိတ်ကျင်းပနေတာဖြစ်ပါတယ်။ ရူဂါနီရဲ့ သတင်းဆိုးကတော့ အံ့အားသင့်စရာသတင်းဖြစ်လာခဲ့ပြီး အသင်းရဲ့အခြားသောကစားသမားတွေကိုပါ စိုးရိမ်စရာတွေဖြစ်လာခဲ့ပါတယ်။ 

"ရူဂါနီက COVID 19 ကူးစက်ခံထားရတယ်လို့ တွေ့ရပါတယ်၊ အသင်းအနေနဲ့ အခုဆိုရင် နည်းဥပဒေတွေအတိုင်း ဆောင်ရွက်နေပြီးတော့ သူနဲ့ဘယ်သူတွေ အနီးကပ်ထိတွေ့ဆက်ဆံမှုတွေရှိခဲ့လဲဆိုတာကို စုံစမ်းနေပါတယ်" လို့ ဂျူဗင်တပ်စ်အသင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ရူဂါနီဟာ ဒီရာသီမှာ ဂျူဗီအတွက် ၇ ပွဲသာကစားပေးထားရသူဖြစ်ပါတယ်။

ရူဂါနီနဲ့ပတ်သက်ပြီး နောက်ဆက်တွဲသတင်းတွေကို ထပ်မံထုတ်ပြန်ပေးမယ်လို့ ဂျူဗင်တပ်စ်အသင်းက ပြောဆိုခဲ့ပါတယ်။ COVID 19 ကတော့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်အထိကို ပြန့်နှံ့နေတာဖြစ်ပြီး လက်ရှိအချိန်ထိ ထိန်းချုပ်နိုင်ဖို့အတွက် နဲ့ ပျောက်ကင်းသက်သာစေမယ့် ဆေးဝါးထုတ်လုပ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်ကာ ကြိုတင်ကာကွယ်မှုတွေကိုသာ ပြုလုပ်နိုင်မယ့် ကူးစက်ရောဂါဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က