ဒီကနေ့ညမှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်အဖြစ် ထိပ်တိုက်တွေ့ဆုံကစားရမှာပါ။
Kyaw Ko Ko Sint

အင်တာက ၁၀ပွဲဆက် မရှုံးထားသလို ရှက်တာကလည်း ၁၅ပွဲဆက် မရှုံးထားတာက သူတို့နှစ်သင်းရဲ့ ထူးခြားတဲ့ အောင်မြင်မှုအဖြစ် ရှိနေပြီး ဒီနေ့မှာ တစ်သင်းသင်းကတော့ အရှုံးနဲ့ စတင်ရင်ဆိုင်ရတော့မှာပါ။

ဒီနေ့ညမှာတော့ စီးရီးအေ ကလပ် အင်တာမီလန်အသင်းနဲ့ ယူကရိန်းကလပ် ရှက်တာဒိုးနက်အသင်းတို့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲအဖြစ် ကစားကြတော့မှာပါ။

နှစ်သင်းစလုံးက ပုံစံကောင်းတွေရထားတဲ့အသင်းတွေပီပီ တစ်သင်းနဲ့တစ်သင်း ပြိုင်ဆိုင်မှု ပြင်းထန်မှာ အမှန်ပင်။

ရှက်တာကတော့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာဘေဆယ်ကို ၄-၁နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်လှမ်းလာတာ ဖြစ်သလို အင်တာမီလန်ကလည်း ကစားရခက်တဲ့ ဂျာမန်ကပလ် လေဗာကူဆင်ကို ၂-၁နဲ့ အနိုင်ယူပြီး ဆီမီး တက် လာတာပါ။

နှစ်သင်းကြား ထူးခြားမှုကတော့ နောက်ဆုံး ကစားထားသမျှ ပြိုင်ပွဲစုံ ၁၀ပွဲဆက် ရှုံးပွဲလုံးဝမရှိထားကြတာ ဖြစ်ပါတယ်။

အင်တာမီလန်အသင်းက ၇ပွဲနိုင် ၃ပွဲသရေကျထားပြီး ရှက်တာကတော့ နောက်ဆုံး ၁၅ပွဲဆက်တိုက်အထိ ရှုံးပွဲ လုံးတမရှိထားပဲ ၁၃ပွဲနိုင် ၂ပွဲသရေကျထားတာပါ။

“ရှက်တာအပေါ်မှာ လေးစားမှု အပြည့်ရှိပါတယ်၊သူတို့က ကျွန်တော်တို့အတွက် ယခုယူရိုပါလိဂ်ပြိုင်ပွဲမှာ အင် အားအကောင်းဆုံးအသင်းတစ်သင်းလို့လည်း ဆိုရမှာပါ။”လို့ အင်တာမီလန်နည်းပြ ကွန်တီက ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ဆိုပါတယ်။

အင်တာနဲ့ရှက်တာက သိပ်မတွေ့ဖူးပါဘူး၊၂၀၀၅ချန်ပီယံလိဂ် ခြေစစ်ပွဲတုန်းက နှစ်ကြိမ်ဆုံဖူးပြီး အဲ့တုန်းက အင်တာမီလန်အသင်းက တစ်ပွဲနိုင်တစ်ပွဲသရေ ကစားထားလို့ ထိပ်တိုက်တွေ့ဆုံမှုအရ အသာရထားတယ်လို့ ဆိုနိုင်ပါတယ်။

လက်ရှိခြေစွမ်းကိုတော့ အရင်က တွေ့ဆုံမှုတွေနဲ့ သိပ်နှိုင်းလို့ မရတာကြောင့်လည်း ခြေတက်နေတဲ့နှစ်သင်းမှာ ဘယ်သူ နှာတစ်ဖျားသာမလဲ စိတ်လှုပ်ရှားဖို့ကောင်းနေတာပါ။

အင်တာမီလန်က ၂၀၀၉-၁၀ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက်ပိုင်း ဥရောပအဆင့် ပြိုင်ပွဲမှာ ဆီမီးဖိုင် နယ်ကို ပထမဆုံး တက်လှမ်းလာနိုင်တာပါ။

ရှက်တာဒိုးနက်အတွက်တော့ ၂၀၀၈-၀၉ခုနှစ်က ယူအီးအက်ဖ်အေဖလား ဗိုလ်လုပွဲတက်လှမ်းပြီး ဝါဒါဘရီမင်ကို အနိုင်ယူကာ ချန်ပီယံဖြစ်ပြီးနောက် အခုတစ်ကြိမ်က ဒုတိယအကြိမ်မြောက် ဗိုလ်လုပွဲတက်နိုင်မယ့် အခွင့်အရေး ပါ။

အင်တာမီလန်အသင်းမှာတော့ အားထားရတဲ့ တိုက်စစ်မှူး လူကာကူရှိနေခြင်းက အားတစ်ခုဖြစ်ပြီး လူကာကူက လည်း ပြိုင်စံရှား စံချိန်အဖြစ် ယူရိုပါလိဂ်မှာ ၉ပွဲဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာပါတယ်။ ၁၀ပွဲဆက် ဂိုးသွင်းနိုင်မလားဆိုတာကလည်း စိတ်လှုပ်ရှားစရာပါ။

ဒီညမှာ အရှုံးနဲ့ရင်ဆိုင်ရမှာ ဘယ်အသင်းလဲ၊နိုင်ပွဲဆက်မှာက အင်တာလားရှက်တာလား စတဲ့ သို့လော သို့လော အတွေးတွေကို မကြာခင် နာရီပိုင်းအတွင်းမှာ ဆုံးဖြတ်ပေးတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က