မိနစ် ၉၀ ပြည့်ပြီးမှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ရခဲ့တာပါ။
Pyae Phyo Thein

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို ဒီနေ့စတင်ကစားခဲ့ပြီးတော့ အတ္တလန္တာနဲ့ ပီအက်စ်ဂျီအသင်းတို့ ရင်ဆိုင်ခဲ့ရပါတယ်။ အစဉ်အလာအားဖြင့် ကွာခြားမှုရှိတဲ့အသင်းတွေဖြစ်ပေမယ့်လည်း အတ္တလန္တာအသင်းရဲ့ တိုက်စစ်ပို်င်းကောင်းမွန်မှုနဲ့ ခြေစွမ်းပြနေမှုတွေက ဒီပွဲကို စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။ 

ထင်မှတ်ထားတဲ့အတိုင်း အီတလီကလပ်ဟာ ပြင်သစ်ကလပ်ကို ဖိအားပေးကစားနိုင်ခဲ့ပြီး အခက်တွေ့စေခဲ့ပါတယ်။ နာမည်ကျော်ကစားသမားပါဝင်မှုနည်းပါးခဲ့တဲ့ စီးရီးအေအသင်းဟာ ပီအက်စ်ဂျီကို အပြိုင်အဆိုင်ကစားနိုင်ခဲ့ပြီးတော့ ပွဲကစားချိန် ၂၇ မိနစ်မှာပဲ ဦးဆောင်ဂိုးကို ဇာပါတာရဲ့ ဖန်တီးပေးမှုကနေ ပါဆာလစ်က သွင်းယူပေးခဲ့ပါတယ်။ 

တိုက်စစ်ပိုင်းက ဂိုးပေါက်ကန်သွင်းမှု၊ ဂိုးပေါက်တည့်မှုအပိုင်းမှာ အတ္တလန္တာက ပီအက်စ်ဂျီကို ယှဉ်နိုင်ခဲ့ပြီး နေမာဦးဆောင်လာတဲ့ ပြင်သစ်ကလပ်ကတော့ ရုန်းကန်ခဲ့ရပါတော့တယ်။ ဒီမာရီယာပွဲပယ်ခံထားရလို့လည်း ဖန်တီးပေးနိုင်မှုပိုင်း အားနည်းခဲ့ရပြီး နေမာနဲ့ အီကာဒီတို့ ကိုယ်တိုင်ပဲဖန်တီး၊ ကိုယ််တိုင်ပဲဂိုးသွင်းယူဖို့ ကြိုးစားခဲ့ရတာပါ။ 

တူချယ်လ်ကတော့ ချေပဂိုးရဖို့ ဒဏ်ရာရထားတဲ့ ဘတ်ပီ၊ ဒရက်ဇ်လာ၊ ပါရာဒက်စ်၊ ချူပိုမိုတင်းတို့ကို ဆက်တိုက်လူစားလဲခဲ့ပါတယ်။ အနိုင်ဂိုးရထားတဲ့ အတ္တလန္တာကတော့ ဂိုးမပေးရဖို့ကို ဦးတည်ကစားခဲ့ပြီး ပြိုင်ဘက်ကို ထိန်းချုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ပီအက်စ်ဂျီအတွက် ကစားပေါက်က ကျပ်နေခဲ့ပြီး ဂိုးရဖို့ငှာမစွမ်းသာပဲ ရှိနေခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ပွဲချိန်မိနစ် ၉၀ မှာတော့ ပီအက်စ်ဂျီတို့ ချေပဂိုးရခဲ့ပြီး ချူပိုမိုတင်းရဲ့ ကန်တင်းပေးမှုကတဆင့် နေမာကကန်သွင်းခဲ့ရာမှာ လွဲချော်မှုရှိခဲ့ပြိး ဒီဘောလု့းကို မာကွင်ဟို့စ်က အနီးကပ်ပိတ်သွင်းယူခဲ့လို့ ပီအကစ်ဂျီတို့ ချေပဂိုးရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဆက်တိုက်ဆိုသလို ပီအစ်စ်ဂျီတို့ အဖိုးတန်အနိုင်ဂိုးကိုပါရရှိခဲ့ပြီး ဘတ်ပီရဲ့ ဖန်တီးပေးမှုကနေ ချူပိုမိုတင်းက ဧရိယာထဲက ပိတ်သွင်းယူခဲ့တာပါ။ 

အတ္တလန္တာကတော့ ပွဲချိ်န်တစ်လျှောက်လုံး အနိုင်ဂိုးကိုထိန်းထားနိုင်ခဲ့ပေမယ့် ထင်မှတ်မထားတဲ့ အနေအထားတွေက ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ဆက်တိုက်ခွင့်ပြုခဲ့ရပါတယ်။ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့် အခွင့်အရေးကို ကိုင်ဆုပ်ထားနိုင်ခဲ့ပေမယ့် ဒရာမာဆန်ခဲ့တဲ့ အခိုက်အတန့်အနည်းငယ်မှာ ပြိုင်ဘက်ရဲ့ အနိုင်ယူခြင်းကို ခံခဲ့ရပြီး ၂-၁ နဲ့ အရေးနိမ့်ခဲ့ရပါတော့တယ်။ 


Author


က္က