အသက်အငယ်ဆုံးပွဲကစားခွင့်ရသူ၊ အသကအငယ်ဆုံးဂိုးသွင်းသူဖြစ်လာပါပြီ။
Pyae Phyo Thein

အန်ဆူဖာတီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ခြေစွမ်းပြခဲ့ပြီးနောက် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။


ယူကရိန်းကို အိမ်ကွင်းမှာ လေးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ စပိန်အတွက် တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တဲ့ အန်ဆူဖာတီဟာ အသင်းသမိုင်းတစ်လျှောက်အသက်အငယ်ဆုံး ဂိုးသွင်းသူအဖြစ်မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။ အသက် ၁၇ နှစ်နဲ့ ၃၁၁ ရက်သာရှိသေးတဲ့ ဘာစီလိုနာကြယ်ပွင့်အတွက် ဂုဏ်ယူစရာမှတ်တမ်းဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ လူစားဝင်ကစားခဲ့ပြီး စပိန်အတွက် အသက်အငယ်ဆုံးကစားခွင့်ရသူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တဲ့ ဖာတီဟာ နောက်ထပ်စံချိန်တစ်ခုကို ထပ်ရခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာတော့ ဖာတီက ပွဲထွက််ခွင့်ရရှိခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ အသင်းအဖွင့်ဂိုးရရှိစေမယ့် ပယ်နယ်တီရရှိမှာပါလည်း ပါဝင်ပတ်သက်နိုင်ခဲ့ပါတယ်။ 

နည်းပြအင်းနရစ်ကလည်း ပွဲအပြီးမှာ အန်ဆူဖာတီကိုချီးကျူးပြောဆိုမှုတွေပြုလုပ်သွားခဲ့ပါတယ်။ ဖာတီရဲ့ ကိုယ့်ကိုကိုယ်ယုံကြည်မှုဟာ သာမန်မဟုတ်ဘူးလို့ ချီးကျူးစကားဆိုသွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ယုံကြည်မှုကိုလည်း ဖာတီက အရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ အန်ဆူဖာတီဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် ခြေစွမ်းပြခဲ့ပြီးနောက် လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဖာတီက ဘာစီလိုာအတွက် ပြိုင်ပွဲစုံ ၃၃ ပွဲကစားပြီး ၈ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဆီမရှိတော့မယ့် ဘာစီလိုနာရဲ့ အနာဂတ်ဟာ အန်ဆူဖာတီအပေါ်မှာ ရှိနေတယ်လို့ အသင်းက သတ်မှတ်ထားပြီး သူတို့ရဲ့အကယ်ဒမီထွက်ကစားသမားဟာ အောင်မြင်မှုတွေရယူပေးနိုင်မယ့်သူလို့လည်း ချီးကျူးပြောဆိုခဲ့ကြပါတယ်။ 


Author


က္က