မနှစ်က ကစားခဲ့တဲ့ ၄ပွဲမှာလည်း ၂ပွဲသရေ ၂ပွဲရှုံးနဲ့ အုပ်စု ပထမအဆင့်ကနေပဲ ထွက်ခဲ့ရတာပါ။
Kyaw Ko Ko Sint

ဂျာမနီအသင်းဟာ နေးရှင်းလိဂ်ပြိုင်ပွဲ ၂နှစ်ဆက်တိုက်မှာ နိုင်ပွဲလုံးဝ ရှာမတွေ့သေးပဲ ၄ပွဲသရေ ၂ပွဲရှုံးထာားတာ ဖြစ်ပါတယ်။

r

ဂျာမနီအသင်းဟာ ဆွစ်ဇာလန်အသင်းနဲ့ ကစားခဲ့တဲ့ နေးရှင်းလိဂ် အဝေးကွင်းပွဲစဥ်မှာ ဦးဆောင်ဂိုး ရခဲ့ပါလျက်နဲ့ ချေပဂိုး ပြန်လည်ခွင့်ပြုလိုက်ရလို့ ပွဲအပြီးမှာ တစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဂျာမနီ အသင်းအတွက် ယခုနှစ် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ၂ပွဲကစားပြီးချိန် နှစ်ပွဲစလုံးကို တစ်ဂိုးစီ သရေသာ ကစား ထားနိုင်ပါတယ်။

နည်းပြ ဂျိုအာချင်လိုကိုယ်တိုင်ကလည်း သူ့ကစားသမားတွေရဲ့ အများစုက ချန်ပီယံလိဂ် ချန်ပီယံ ဘိုင်ယန်နဲ့ ဆီမီးဖိုင်နယ်တက်လှမ်းခဲ့တဲ့ လိုက်ပ်ဇက်အသင်းတို့က ကစားသမားတွေ ဖြစ်လို့ ပွဲကပ်တာနှင့်အတူ မိနစ် ၉၀ ပြည့် မကစားနိုင်မှာကို စိုးရိမ်မှုရှိတယ်လို့ ပြိုင်ပွဲမစခင်က ကြိုတင် ဟောကိန်းထုတ်ထားခဲ့ဖူးပါတယ်။

လက်တွေ့မှာလည်း ဂျာမနီအသင်းဟာ နိုင်ပွဲမဖန်တီးထားနိုင်ပဲ နှစ်ပွဲကစား နှစ်ပွဲသရေကျကာ လိဂ်(A)ရဲ့ အုပ်စု (A)မှာ စပိန်၊ယူကရိန်းတို့အောက် အဆင့် ၃မှာသာ ရပ်တည်နိုင်နေပါတယ်။

အခုလို နိုင်ပွဲမရသေးတာက ယခုနှစ် ပြိုင်ပွဲတစ်ခုတည်းမဟုတ်ပဲ မနှစ်က စတင်ကျင်းပတဲ့ နေးရှင်းလိဂ် ပြိုင်ပွဲက စတင်ပြီး ဂျာမနီအသင်းဟာ ဒီနေ့ထိ နိုင်ပွဲမရသေးတာပါ။

မနှစ်က နေးရှင်းလိဂ်မှာတော့ အုပ်စု(A1)မှာ နယ်သာလန်၊ပြင်သစ်တို့နဲ့ သုံးသင်း တစ်အုပ်စုကျခဲ့ပြီး ၄ပွဲကစားရာ မှာ ၂ပွဲသရေ၊၂ပွဲရှုံးနိမ့်ခဲ့တာပါ။

ဒါကြောင့် ဂျာမနီဟာ နေးရှင်းလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၆ပွဲ ကစားပြီးချိန်ထိ နိုင်ပွဲလုံးဝမရသေးပဲ ၄ပွဲသရေ ၂ပွဲရှုံး နိမ့်ထားကာ နိုင်ပွဲလုံးဝရှာမတွေ့သေးတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က