ဘက်ဟမ်းရဲ့ ကမ်းလှမ်းမှုကို နေမာက လက်ခံခဲ့တာပါ။

ဘရာဇီးတိုက်စစ်မှူးအနေနဲ့ ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကတည်းက အသင်းပြောင်းဖို့စီစဉ်နေခဲ့သူပါ။

အမေရိကန်မေဂျာလိဂ်အသင်းသစ်တစ်သင်းဖြစ်တဲ့ မီယာမီအသင်းရဲ့ပိုင်ရှင်ဖြစ်သူ ဘက်ဟမ်းအနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာကို အသင်းပြောင်းလာဖို့ စည်းရုံးပြောဆိုနိုင်ခဲ့ပြီး အပြန်အလှန် သဘောတူညီမှုအချို့ရရှိခဲ့တယ်လို့ thesun က ဖော်ပြလာပါတယ်။

လက်ရှိမှာပီအက်စ်ဂျီအသင်းနဲ့အတူ စာချုပ်သက်တမ်း ၂နှစ်ကျန်ရှိနေသေးတဲ့ နေမာကို ဥရောပအသ င်းကြီးတစ်သင်းဖြစ်တဲ့ ရီးရဲလ်အသင်းက စိတ်ဝင်စားနေသလို ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလတွေမှာ လည်း အသင်းဟောင်းဘာစီလိုနာအသင်းက ပြန်လည်ကမ်းလှမ်းခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။



ကမ္ဘာကျော်ဘောလုံးသမားတွေရဲ့အကြောင်းကို ဖော်ပြလေ့ရှိတဲ့ otro.com ကပြုလုပ်တဲ့ အစီအစဉ် မှာ ဘက်ဟမ်းက နေမာကို ကမ်းလှမ်းခဲ့တာဖြစ်ပြီး အခွင့်အလှမ်းများစွာရှိနေတဲ့ အမေရိကန်ဆီကိုလာ ကစားဖို့နဲ့ ဥရောပအသင်းကြီးတွေလို ငွေကြေးများစွာပေးနိုင်မှာမဟုတ်ဘူးလို့ပြောဆိုပြီး ကမ်းလှမ်းခဲ့ တာပါ။

နေမာက “ မီယာမီမှာကစားဖို့ကမ်းလှမ်းခံခဲ့ရတာပါ။ အရိုးသားဆုံးပြောရရင် မီယာမီအတွက်ကစားပေး ချင်ပါတယ်။ ကမ်းလှမ်းမှုအတွက် အဆင်သင့်ပါပဲ။ တစ်နေ့မှာ မီယာမီအတွက် ကစားပေးမယ် ” ထုတ် ဖော်ပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။

၂၀၁၈ခုနှစ်ကမှ စတင်တည်ထောင်ခဲ့တဲ့ အင်တာမီယာမီအသင်းအနေနဲ့ လာမယ့်နှစ်မေဂျာလိဂ်ပြိုင်ပွဲ အတွက် စတင်ပြင်ဆင်မှုများပြုလုပ်နေပြီဖြစ်ပြီး အသင်းဥက္ကဋ္ဌတာဝန်ရယူထားတဲ့ ဘက်ဟမ်းအနေနဲ့ ၀ါရင့်ကစားသမားကောင်းအချို့ကို အမေရိကန်ဆီလာရောက်ကစားကြဖို့ ဖိတ်ခေါ်နေတာလည်းဖြစ်ပါ တယ်။



က္က