နာပိုလီအနေနဲ့ ဂျူဗင်တပ်ကို အိမ်ကွင်းမှာ အနိုင်ရခဲ့တာပါ။
Win Kyaw Min

နည်းပြဆာရီအနေနဲ့ နည်းပြဘဝနောက်ဆုံးအချိန်ကို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ဂျူဗင်တပ်အသင်းရဲ့နည်းပြဆာရီအနေနဲ့ အသက်အရွယ်အရ အနားယူရမယ့်အချိန်နီးကပ်လာခြင်းကို လက်ခံခဲ့ရပြီး တစ်ချိန်ချိန်တွင် အသင်းဟောင်းနာပိုလီကို ပြန်ပြီးကိုယ်စားပြုတာဝန်ယူလိုတယ်လို ့ အံ အားသင့်ဖွယ်ထုတ်ဖော်ပြောဆိုမှုကို footballitalia ရဲ့ဖော်ပြချက်အရ သိရပါတယ်။

နည်းပြဆာရီအနေနဲ့ အစောပိုင်းကာလများတွင် အီတလီဘောလုံးလောကရဲ့အသင်းငယ်အများစု ကို သာတာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့သူဖြစ်ပြီးနာပိုလီအသင်းကို ထိပ်တန်းအဆင့်တစ်ဆင့်ရောက် အောင် စွမ်းဆောင်ပေးနိုင်မှုများကြာင့် ဥရောပအသင်းကြီးအချို့ရဲ့ စိတ်ဝင်စားခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။



“ အသက်အရွယ်အရ အနားယူရမယ့်အခြေအနေကို လက်ခံနားလည်ပါတယ်။ ဒါပေမဲ့ ဘာမဆိုဖြစ် လာနိုင်တာကိုတော့ သိထားရမှာပါ။ ဂျူဗင်တပ်နဲ့စာချုပ်သက်တမ်းကုန်တဲ့အချိန်ဘာဖြစ်လာမလဲဆို တာကိုတော့ မသိနိုင်သေးပါဘူး။ သေချာတာတစ်ခုကတော့ နေပယ်လ်မြို့အသင်းကိုထပ်ပြီးကိုယ် စားပြုခွင့်ရချင်ပါသေးတယ် ” နည်းပြဆာရီက ဆိုခဲ့တာပါ။

နာပိုလီအသင်းကို တာဝန်ယူကိုင်တွယ်နေစဉ်အတွင်း စီးရီးအေချန်ပီယံဆုရရှိဖို့အတွက် အနီးကပ်ဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သော်လည်း ၂၀၁၈ တွင် ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်အကြာ မှာ နာပိုလီအသင်းရဲ့ ခါးသီးပြိုင်ဘက်ဂျူဗင်တပ်အသင်းကို နည်းပြအဖြစ်တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

နည်းပြဆာရီအနေနဲ့အသင်းဟောင်းနာပိုလီအသင်းကနေ ထွက်ခွာခဲ့ပြီးနောက် ၂နှစ်အကြာမှာ ပြိုင်ဘ က်အဖြစ်ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာတော့ အရှုံးပေးခဲ့ရပြီး နာပိုလီပရိသတ်အချို့ကဝေဖန်လှောင် ပြောင်ခဲ့ကြပေမယ့် အများစုကတော့ နည်းပြဟောင်းကို ကြိုဆိုခဲ့ကြတယ်လို့လည်း dailymail ရဲ့ဖော် ပြချက်အရ သိရပါတယ်။


Author


က္က